ကိုယ်ချင်းစာတရားတွေ မရှိတော့ဘူးလား။

မင်းသွေးရဲ့ ဈာပန အခမ်းအနားကို ကြည့်ပြီး သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် စိတ်မကောင်း ဖြစ်နေသလို စိတ်တိုလို့လည်း နေပါတယ်။



 

ဒီနေ့ (အောက်တိုဘာ၇ရက်) မင်းသွေးရဲ့ ဈာပန အခမ်းအနားကို ကြည့်ပြီး သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် စိတ်မကောင်း ဖြစ်နေသလို စိတ်တိုလို့လည်း နေပါတယ်။မင်းသွေးရဲ့ ဈာပန အခမ်းအနားကို  အောက်တိုဘာ(၇) ရက်နေ့က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ တာပါ။

များပြားလှတဲ့ လူတွေကြောင့် ကျန်ရစ်သူမိသားစုမှာ သွားလေသူကိုတောင် သေသေချာချာ ကြည့်ခွင့်မရခဲ့တဲ့ အခြေအနေတွေနဲ့တောင် ကြုံခဲ့ရပါတယ်။ အဲ့ဒါကြောင့် သူမဟာ တခါတလေ Smart ဖုန်းတွေနဲ့ Social Media ကို မုန်းတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

 

ဒါတွေနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းတစ်ယောက် သူခံစားရတဲ့ အကြောင်းအရာကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"လူတွေကတော့ကျန်ရစ်သူမိသားစုကိုလဲကိုယ်ချင်းမစာနာ ဆုံးပါးသွားသူကိုလဲအားမနာ တိုးဝှေ့အော်ဟစ်နေသူတွေ ကိုယ်ချစ်တဲ့ အနုပညာရှင်ကိုနှမြောဝမ်းနည်းလို့သူ့ရဲ့နောက်ဆုံးချိန်လေးကိုလာရောက်ဝမ်းနည်းပေးကြတာလဲမဟုတ် မင်းသား/မင်းသမီးမြင်ဖူးချင်ရုံ fbပေါ်တင်ဖို့ ဓာတ်ပုံလိုချင်မှုတွေနဲ့ ကိုယ်ချင်းစာတရား မေတ္တာတရားခေါင်းပါးနေကြပြီလား စာနယ်ဇင်းတွေက တင်မယ့်ပုံကိုပဲ စောင့်ကြည့် ကြပါလား။တခါတလေတော့အဲ့smartဖုန်းတွေနဲ့social media ကိုမုန်းတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၇) ရက်နေ့က ရေးသား ထားပါတယ်။

မင်းသွေး အမေအတွက် အရမ်းစိတ်မကောင်းဖြစ်နေတဲ့ ဝတ်မှုန်ရွှေရည် 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်မှာ မီးသင်္ဂြိုလ်ဖို့ စီစဉ်ထားပေမဲ့ ရေဝေးသုဿန် အနီးအနားမှာနေထိုင်သူများက ည ၉ နာရီလောက်ကတည်းက မအိပ်ဘဲ ထိုင်စောင့်နေခဲ့ကြတာဖြစ်ပါတယ်။

မင်းသွေးရဲ့ ကြွင်းကျန်ရုပ်ကလပ်ကို အောက်တိုဘာလ ၇ ရက်နေ့ မနက် ၇ နာရီခန့်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ရေဝေးသုဿန်မှာ ဂူသွင်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က