AD
AD
AD

သရုပ်ဆောင် ပတ်ထရစ်ရှာကတော့ မွေးနေ့ Surprise ကြောင့်ပျော်ခဲ့ရပါတယ်တဲ့။ သူမရဲ့ မွေးနေ့ကို သူမကိုယ်တိုင် မေ့နေပေမယ့် မမေ့တဲ့ သူတွေကတော့ ရှိလို့နေပါတယ်။ အဲ့ဒါကတော့ သူမရဲ့ ပရိသတ်တွေပါ။

ဒီနေ့ ဒီဇင်ဘာ(၁၃) ရက်နေ့က သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက သူမရဲ့ မွေးနေ့မှာ Surprise လုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

မွေးနေ့ Surprise ကို မနက်(၈)နာရီလောက်ကြီး လေးဆိပ်မှာ လုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ပတ်ထရစ်ရှာက သူမရဲ့ ပရိသတ်တွေကို လှိုက်လှိုင်လှဲလှဲကျေးဇူးတင်တယ်ဆိုပြီး ပြောပြထားပါတယ်။

သူမက ချစ်တာကို သိပ်မထုတ်ပြတတ်သူဖြစ်ပေမယ့် ပရိသတ်တွေကို သူမရဲ့ ရင်ထဲ အသဲထဲကနေ ပြောမပြတတ်အောင် ချစ်တာကိုတော့ ယုံပေးပါဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားပါတယ်။

play

 

"အလုပ်တွေများပြီး တစ်ရေးမှမအိပ်ရသေးတဲ့ဂူဂူဂါဂါရုပ်နဲ့လေဆိပ်ကိုရောက်သွားပြီး ကိုယ့်မွေးနေ့တောင် ကိုယ့်ဘာသာကိုယ် သတိမထားမိပဲ မေ့နေခဲ့တာ Patricious တစ်ချို့လေးတွေ မနက် ၈နာရီလောက်ကြီးမှာလာပြီး Surprise လုပ်ပေးရှာတယ် ။

Aww, you guys mean the world to me! တကယ်ကိုရင်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ကိုကျေးဇူးတင်ပါတယ်။ 

ရှာရှာကချစ်တာကိုသိပ်ထုတ်မပြတတ်ပေမယ့် ရှာရှာ့ရဲ့ရင်ထဲအသဲထဲကနေပြောမပြတတ်လောက်အောင်ကိုချစ်တာကိုယုံပေးကြပါနော်

အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ surprise လာလုပ်တဲ့အထဲပါမလာခဲ့ကြတဲ့ Patricious လေးတွေကိုလည်းစိတ်မကောက်ပါဘူး ။ ရှာရှာနားလည်ပါတယ် ရှာရှာ့ကိုချစ်နေကြရင်ကိုပဲ ကျေနပ်လှပါပြီ"ဆိုပြီး ရေးထားတာပါ။

play

 

ပတ်ထရစ်ရှာကတော့ မော်ဒယ်လောကကနေ သရုပ်ဆောင် လောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီးယခုဆိုရင် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ မကြာခင် ရုံတင်ပြသခဲ့တဲ့"ရာဇဝင်ရိုင်းသူများ " ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားပါသေးတယ်။

Photo : ပတ်ထရစ်ရှာ ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD