AD
AD
AD

သရုပ်ဆောင် ရွှေမှုံရတီက ညီမဖြစ်သူကို စိန်လက်စွပ် တစ်ကွင်းနဲ့ မွေးနေ့ Surprise လေး လုပ်ခဲ့ပါတယ်။ ဒီနေ့(မတ်လ၁၈ရက်)ဟာ သရုပ်ဆောင် ငွေမှုံရတီရဲ့ မွေးနေ့လေးဖြစ်တယ်လို့ သိရပါတယ်။

မွေးနေ့ ရောက်တဲ့နေ့ (၁၂း၁၁)မိနစ်အချိန်မှာ ရွှေမှုံရတီက ညီမလေးတွက် မွေးနေ့ Surprise လေးလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

အမဖြစ်သူရဲ့ မွေးနေ့ Surprsie ကြောင့်ငွေမှုံတစ်ယောက် အိမ်မပျော်တောင် ဖြစ်ခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေး သားထားပါတယ်။

"Ok my sister နဲနဲတော့များတယ် Surprise  ညသူဆေးတိုက်ပြီး ရေလည်အိပ်ပျော်နေတဲ့ချိန် 12:11 မိနစ်မှာ ဖုန်းမီးကြီးဖွင့်ပြီး နိုးတာပြီးတော့မှ " Happy birthday ပါ"တဲ့ အဲ့ကစပြီးကိုယ်လဲ၂ နာရီထိအိပ်မပျော်တော့ဘူး အပျော်လွန်ပြီး  ️Whatever My Sister Is The Best pl thank Q so much pr Thel & I love U  " ဆိုပြီး ရေးသားထားပါတယ်။

play

 

ရွှေမှုံနဲ့ ငွေမှုံတို့နှစ်ယောက်ဟာ မတည့်အတူနေ ညီမနှစ်ယောက်ဆိုပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ကြတဲ့ ညီမနှစ်ယောက်ဖြစ်ပါတယ်။ ရွှေမှုံက ငွေမှုံအတွက် I Phone X ပေါ်စဉ်ကလည်း I Phone X ဝယ်ပေးခဲ့ပါသေးတယ်။

play

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။

play

 

ငွေမှုံရတီကတော့ လက်ရှိမှာ ပညာရေးနဲ့ အနုပညာကို တွဲဖက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီး ပရိသတ်တွေအသိအမှတ်ပြု အားပေးနေတဲ့ သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : ငွေမှုံရတီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD