AD
AD
AD
play

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့ပရိသတ်တွေက ရှုတင်အထိ လိုက်လာပြီး မွေးနေ့ Surprise လေး လုပ်ပေးခဲ့တာကြောင့် နန်းမြတ်တစ်ယောက် ပျော်ခဲ့ရသလို သူတို့ရဲ့ အချစ်တွေက ရင်ကို အေးမြစေတယ်လို့ ဆိုပါတယ်။

"ခုလိုရှုတင်လိုက်လာပီးမွေးနေ့ပွဲလေးလုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တော်သူ့တို့အချစ်တွေကလဲရင်ကိုအေးမြစေပါတယ်"  ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီနေ့(ဇွန်လ၁၃ရက်)က ရေးသားထားတာ တွေ့ရပါတယ်။

play

 

ရှုတင်မှာ ပရိသတ်တွေနဲ့အတူ ပျော်ခဲ့တဲ့ ပုံလေးတွေကိုလည်း မှတ်တမ်းတင်ထားခဲ့သလို အဲ့ဒီပုံလေးတွေကို ဒီနေ့မှာ တင်ထားတာ တွေ့ရပါတယ်။  နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ မွေးနေ့ဖြစ်တဲ့ (ဇွန်လ၂)ရက်နေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာလည်း သူမနဲ့အတူ သီလရှင်ဝတ်ခဲ့ပါသေးတယ်။

သုံးရက်တိတိ သာသနာ့ဘောင်ထဲ ဝင်ခဲ့တဲ့ နန်းမြတ်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လုပ်နေတာကို တွေ့ရပါတယ်။

play

 

သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD