AD
AD
AD
play

 

ဒီနေ့(ဇွန်လ၁၅ရက်)ဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ အသက်(၄၂)နှစ်ပြည့် မွေးနေ့လေးမှာ ချစ်သူရဲ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။မွေးနေ့မရောက်ခင် နာရီပိုင်းအလိုလေးမှာ ချစ်သူက Surprise လုပ်ခဲ့တာပါ။

"၁၅.၆.၂၀၁၈ မွေး နေ့  ရောက် တော့ မယ့် နာရီ ပိုင်း အလို မှာ ရောက် လာ တဲ့ မွေး နေ့ လက် ဆောင်...!ဇာ ကို အမြဲ Surprise လုပ် ပေး တတ်သူ ရေ" ဆိုပြီး ဇွန်လ(၁၄)ရက်နေ့ည(၉)နာရီလောက်က ရေးသားထားတာပါ။

play
Photo : ခင်ဇာခြည်ကျော် FB

 

သူမအတွက် ချစ်သူက အနီရောင်နှင်းဆီပန်းစည်းကြီးနဲ့အတူ နားကပ်တစ်စုံကို လက်ဆောင်ပေးခဲ့တာပါ။ချစ်သူရဲ့ မွေးနေ့ Surprise ကြောင့် ခင်ဇာခြည်ကျော်တစ်ယောက် ပျော်ရွှင်လို့နေပါတယ်။ သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ သူ့ရဲ့ဘဝလက်တွဲဖော်နဲ့ပတ်သက်လို့ အနုပညာကို ချစ်လို့၊ အနုပညာသမားတွေကို နားလည် ပေးနိုင်တဲ့သူမို့လို့ရွေးချယ်ဖြစ်တာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

play
Photo : ဘုန်းမင်းနေလ FB

 

သူမရဲ့ မွေးနေ့အတွက်ကို သားဖြစ်သူ ဘုန်းမင်းနေလကလည်း မွေးနေ့ဆုတောင်းလေး တောင်းပေးထားပါသေးတယ်။

"Happy Birthday Chit mum   Hope my surprise make you happy ❤️

မေမေမွေးနေ့မှာပျော်ရွှင်ပါစေဗျာ အရမ်းချစ်တယ်မေမေ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၅ရက်)နေ့ မနက်၁၂နာရီ တိတိမှာ မွေးနေ့ဆု တောင်း တောင်းပေးထားတာပါ။ ခင်ဇာခြည်ကျော်ရဲ့ မွေးနေ့အတွက်ကို ပရိသတ်တွေ သူငယ်ချင်းတွေက မွေးနေ့ဆုတောင်းတွေ တောင်းပေးထားကြတာ အများကြီးပါ။

play

 

ခင်ဇာခြည်ကျော်ဟာ အသက်(၁၅)နှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာလောက ထဲမှာ လျှောက်လှမ်းနေတာ နှစ်နှစ်ဆယ်ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာ "ငါသူတစ်ပါးယောကျာ်းမိန်းမ" ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်မဒီဆုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD