ဘယ်လောက်တောင် ပျော်နေမလဲ။

စန္ဒီမြင့်လွင်က မွေးနေ့မှာ ထူးထူးခြားခြား ဘာမှမလုပ်ဖြစ်ပေမယ့် ချစ်ရတဲ့ သူတွေရဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရ တယ်တဲ့။ ချစ်ရတဲ့ ညီမလေး စိုးပြည့်ကလည်း သူ့အတွက် မွေးနေ့ဆုတောင်းတွေ တောင်းပေးထားပါသေးတယ်။

Photo : စန္ဒီမြင့်လွင် FB

 

ဒီနေ့ (သြဂုတ်လ၁၂ရက်)ဟာ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့  မွေးနေ့မှာ ထူးထူးခြားခြား ဘာမှမလုပ်ဖြစ်ပေမယ့် ချစ်ရတဲ့ သူတွေရဲ့ မွေးနေ့ Surprise ကြောင့် သူမပျော်ရွှင်ခဲ့ရတယ်လို့ သိရပါတယ်။ We Love တွေနဲ့အတူ နေအိမ်မှာပဲ မွေးနေ့ကိတ်ခွဲဖြစ် ခဲ့တယ်တဲ့။

"မွေးနေ့ထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး ချစ်လို့ခင်လို့ပေးကြတဲ့လက်ဆောင်တွေနဲ့ပျော် ရွှင်ရပါတယ်လို့" ဆိုပြီး သူမရဲ့ ဖေစ့်ဘွတ်မှာ သြဂုတ်လ(၁၂) ရက်နေ့ရေးသားထားတာတွေ့ရပါတယ်။

Photo : စန္ဒီမြင့်လွင် FB

စန္ဒီမြင့်လွင်ဟာ ပရိသတ်တွေရဲ့  မွေးနေ့ Surprise နဲ့အတူ လက်ဆောင်တွေလည်း အများကြီး ရခဲ့ပါသေးတာကြောင့် ပျော်လို့နေပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ ညီမလေး စိုးပြည့်သဇင်ကလည်း  သူမအတွက် မွေးနေ့ဆုတောင်းပေးထားတာတွေ့ရပါတယ်။

"Happy birthday မမဒီဒီ။ ညီမတစ်ဝမ်းကွဲဆိုပေမဲ့အရင်းတွေလိုပါဘဲ...ငယ်ငယ်ထဲကဆော့ဖော်ဆော့ဖက်....ညီမလေးကိုအလိုလိုက်တဲ့သူ....အဲ့ညီမလေးဆိုပေမဲ့ကိုယ့်ကိုအမလို့ထင်ရအောင်နုတဲ့သူ မိဘကိုလည်းသိတတ်ပြီးအရမ်းချစ်တဲ့သူ မဒီရေဒီနေ့ ကျရောက် တဲ့မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာချစ်တဲ့ခင်ပွနိးချစ်တဲ့မိသားစုနဲ့အတူပျော်ရွှင်စွာဖြတ်သန်းရပါစေ။တူမလေးတစ်ယောက်လည်း ထိန်းပေးဖို့စောင့် နေပါတယ်လို့နော်  ။ဒီနေ့မွေးနေ့မှာထွက်တဲ့papiသီချင်းလေးလည်းအရမ်းအောင်မြင်ပါစေ"ဆိုပြီး စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၂) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စန္ဒီမြင့်လွင်က မွေးနေ့မှာ ဘာမှ မလုပ်ဖြစ်ပေမယ့်လည်း မွေးနေ့အမှတ်တရအနေနဲ့ ပရိသတ်တွေအတွက် အွန်လိုင်းကနေ သီချင်းတစ် ပုဒ်ဖြန့် ပေးခဲ့ပါတယ်။အဲ့ဒီသီချင်းလေးကို Papi လို့ ပေးထားပါတယ်။ Papi သီချင်းလေးကို  JOOX Myanmar မှာတင်ပေးထားတာ ဖြစ်ပါတယ်။

သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ဟာ  ခင်ပွန်းသည် ကိုသီဟလွင်ဟာ သူမအပေါ် အရမ်း ကောင်းတဲ့ ခင်ပွန်းသည်ဖြစ်တယ်လို့ မေလ(၂၅) ရက်နေ့ အင်တာဗျူးတုန်းက ရင်ဖွင့်ခဲ့ပါသေးတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ် ချိန်တွေ မှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေ ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က