ရေဘေးသွားရင်းနဲ့ မွေးနေ့ကိတ်လေးခွဲခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ(၁၆) ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့လေးမှာ စိုးနန္ဒာကျော်တစ်ယောက် အရမ်းကို ပျော်ခဲ့ရပါတယ်။ ကိတ်မခွဲ ရတော့ဘူးလို့ ထင်ထားပေမယ့်လည်း မထင်မှတ်ထား မွေးနေ့ Surprise ကြောင့် သူမအရမ်းပျော်ခဲ့ရတယ်တဲ့။

Photo : စိုးနန္ဒာကျော် FB

 

သြဂုတ်လ(၁၆) ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့လေးမှာ စိုးနန္ဒာကျော်တစ်ယောက် အရမ်းကို ပျော်ခဲ့ရပါတယ်တဲ့။ မွေးနေ့လေးမှာ ရေဘေးသွားနေတာကြောင့် မွေးနေ့ကိတ်မခွဲရတော့ဘူးလို့ ထင်ခဲ့ပေမယ့်လည်း မိတ်ဆွေတွေရဲ့ မထင်မှတ်တဲ့ မွေးနေ့ Surprise ကြောင့် အရမ်းကို ပျော်ခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးနန္ဒာကျော် FB

 

" ရေဘေးသွားနေလို့ ဖေဖေ မေမေ မမ တို့ကိုလည်း အဝေးကနေ ဦးသုံးချိန်ချရှိခိုးကန်တော့လိုက်ပါတယ် ဖြစ်ချင်တာတွေ မဖြစ်ဖြစ်အောင် စီစဉ်ပေးပြီး ရစ်သမျှ ဆိုးသမျှကို သည်းခံ ပေးပြီးအလိုလိုက် နားလည်ခွင့်လွှတ်ပေးနေတဲ့ တစ်ယောက်သောသူကိုလည်း ကျေးဇူးတင်ပါတယ် ဒီနှစ်လေးတော့ ကိတ်မခွဲရတော့ဘူးလို့ ထင်ပြီး စိတ်မကောင်းဖြစ်နေပေမယ့် မထင်မှတ်ထားတဲ့ ကိတ်ကို ခွဲခွင့်ရခဲ့လို့ ပျော်ရွှင်ကြည်နူး ခဲ့ရပါ တယ်" ဆိုပြီး သူမက ပြောထားပါတယ်။

Photo : စိုးနန္ဒာကျော် FB

ချစ်သူများနေ့မတိုင်ခင် ထွက်မယ့် စိုးနန္ဒာကျော်ရဲ့ စီးရီးခွေ 

သူမကို ချစ်ခင်အားပေးနေတဲ့ သူတွေ အနားမှာ ရှိနေတဲ့အတွက် သူ့အနေနဲ့ အရာရာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါ့မယ်ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။"မွေးနေ့ကိုဆုမွန်ကောင်းတောင်းပေးကြတဲ့ အနုပညာ ညီအစ်ကိုမောင်နှမများနှင့် ချစ်ပရိတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်" ဆိုပြီး ဆက်လက်ပြောထားပါတယ်။

စိုးနန္ဒာကျော်ရဲ့ (၂၄) နှစ်ပြည့် မွေးနေ့ကို သရုပ်ဆောင် မင်းထက်က ရေဘေးသွားနေရင်း လမ်းမှာ Surprise လုပ်ပေးခဲ့တယ်လို့ သိရပါ တယ်။သရုပ်ဆောင် စိုးနန္ဒာကျော်က သူမရဲ့ အသက်(၂၃) နှစ်ပြည့်တုန်းကလည်း အလှူအတန်းတွေလုပ်ခဲ့သလို မျက်စိဆေးရုံမှာ မျက်ကြည် လွှာ လှူဒါန်းခဲ့ပါသေးတယ်။

စိုးနန္ဒာကျော်ကတော့ အသက်(၁၈)နှစ်လောက်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး "The sing of love" ရုပ်သံ ဇာတ်လမ်းတွဲကနေ တစ်ဆင့် ပရိသတ်အသိအမှတ်ပြု အားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : စိုးနန္ဒာကျော် FB

 

ဗီဒီယိုဇာတ်ကားတွေလည်း ဆက်တိုက်ဆိုသလို  ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးဖြစ်ပါတယ်။ သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့လည်း အင်တာဗျူးတွေ တော်တော်များများမှာ ဖြေဆိုဖူးပါတယ်။

သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သလို ဂီတဘက်မှာလည်း "အပြင်းစားနှောင်ကြိုး" လို့ ပေးထားတဲ့ တစ်ကိုယ်တော်အခွေ ကိုလည်း ထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က