တော်တော်လည်း လန့်သွားခဲ့တယ်တဲ့။

ဒီနေ့(စက်တင်ဘာ ၂၂ရက်)ဟာ ချစ်စဖွယ် အမူအယာ မျက်နှာအလှအပလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ် ဆောင် စိုးပြည့်သဇင်ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

ဒီနေ့(စက်တင်ဘာ ၂၂ရက်)ဟာ ချစ်စဖွယ် အမူအယာ မျက်နှာအလှအပလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ် ဆောင် စိုးပြည့်သဇင်ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ ပရိသတ်များကလည်း သူမမွေးနေ့မရောက်ခင် စက်တင်ဘာ(၂၁) ရက်နေ့ညပိုင်းက စိုးပြည့်အတွက် မွေးနေ့ surprise လေး ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ မွေးနေ့အကြို Surprise ကြောင့် စိုးပြည့်လည်း ပျော်ခဲ့ရသလို အံ့သြပြီး လန့်လည်း လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

 

"ဒီနေ့ကိုယ်ကအပြင်တွေလျှောက်သွားနေတာ....ချစ်တဲ့သူတွေက surprise လာတိုက်တာလည်းကိုယ်မသိဘူး...သူတို့ကလည်း မေကြီးကို တိုးတိုးတိတ် တိတ်မှာတာလေ။ မေကြီးကလည်းသိပ်နှုတ်လုံတာဘဲ...တစ်ခွန်းမှမဟ....ပြန်လည်းလာရော..စိတ်ထဲမီးပျက်နေတာပေါ့လေ...တအိမ်လုံးလည်း မှောင်မဲနေတာဘဲပေါ့ မီးပျက်နေတာလားဟေ ဆိုပြီးဝင်လာတာ အမလေးတော့် အဆင်သင့်စောင့်ပြီး လူကို အံ့သြအောင် လုပ်ကြတာ ပျော်လည်းပျော် လန့်လည်းလန့်ရပါတယ်." ဆိုပြီး စက်တင်ဘာ (၂၁) ရက်နေ့ညပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် သူမကိုချစ်ပြီး သူမနဲ့အတူထပ်တူခံစားနိုင်ကြတဲ့ သူလေးတွေနဲ့ ဆုံစည်းခွင့်ရတာ သူမအတွက် ဆုလာဒ်တစ်ခုပါပဲလို့လည်း ဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

ယက်ကန်းစင်တွေကို သွားလေ့လာခဲ့တယ်ဆိုတဲ့ စိုးပြည့်သဇင် 

ဒီနေ့မှာ ကျရောက်တဲ့ စိုးပြည့်ရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။သူမရဲ့ မွေးနေ့ လေးမှာ သူမရဲ့ ပရိသတ်တွေနဲ့အတူ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ မှန်ကင်းပရဟိတကျောင်းမှာ သွား ရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စိုးပြည့်သဇင်ဟာ လက်တလော ခရီးတွေသွားနေသလို မကြာခင်မှာလည်း အမတွေနဲ့အတူ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မင်းသမီး ပိုးထည်တိုက်လို့ နာမည်ပေးထားတဲ့ သူမတို့ရဲ့ ပိုးထည်တိုက်အတွက် အမတွေနဲ့အတူတူ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က