မနေ့က အသက် ၃၀ ပြည့်ခဲ့ပါပြီတဲ့။

ပိုးမီ ရဲ့ အသက် ၃၀ ပြည့် မွေးနေ့မှာတော့ Myanmar Idol Season 2 က သူငယ်ချင်းတွေက မွေးနေ့ surprise လုပ်ပေးခဲ့ကြ တယ်လို့ ဆိုပါ တယ်။ သူမဟာ လက်ရှိမှာတော့ ဂီတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေရတာဖြစ်ပါတယ်။

 

Myanmar Idol Season 2 ကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် ပိုးမီတစ်ယောက် နိုဝင်ဘာလ ၁၀ ရက်နေ့က အသက် ၃၀ ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဂီတအလုပ်တွေကြောင့် မအားမလပ်ဖြစ်ခဲ့တဲ့ သူမအတွက် Myanmar Idol Season 2 သူငယ်ချင်းတွေ ရဲ့  မွေးနေ့ surprise ကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

'' အသက် ၃၀ ပြည့်ခဲ့ပြီ ဒီနှစ် မွေးနေ့ ရက်မှာ လူပန်း စိတ်ပန်း မအားတာနဲ့ ဘာမှမလုပ်တော့ပဲ ပွဲလေးဆိုရင်း ဖြတ်သန်းဖို့ပဲ တွေးထားခဲ့တာပါ

အလှူလေးကိုတော့ လကုန်ခါနီးမှပဲ လုပ်ဖို့ရှိပါတယ်။ မွေးနေ့ညမှာ မထင်မှတ်တဲ့ surprise တွေ တိုက်တဲ့ အချစ်တုန်းကြီးတွေ ပြီးတော့ ဖုန်း တွေ ဆက်စာတွေပို့ ပို့စ်တွေတင်ပြီး မွေးနေ့ ဆုတောင်းပေးကြတဲ့ အနုပညာမောင်နှမတွေ နဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေများ ဖန်များ အားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်Reply တွေပြန်နေပေမယ့် တကယ်လို့များ မပြန်ဖြစ်ပဲ ကျန်ခဲ့တာတွေ ရှိခဲ့ရင် နားလည်ပေးပါနော်'' လို့ ဆိုပါတယ်။

Photo: ပိုးမီဖေ့စ်ဘွတ်

 

ပိုးမီဟာ သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်မှာတော့ သူ့ရဲ့  ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ နောက်ထပ်တစ်ယောက် မရှိ ဆိုတဲ့ တစ်ကိုယ်တော်  တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေလေးကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပျော်ပျော်ပါးပါး ရိုက်ကူးရေးလုပ်နေတယ်ဆိုတဲ့ မီမီဝင်းဖေ 

Photo: ပိုးမီဖေ့စ်ဘွတ်

 

ပိုးမီက ဂီတကို ဝါသနာပါရုံသာ ရှိခဲ့ပြီး အခွေအတွက်ပြင်ဆင်မှုတွေ နားမလည်တာကြောင့် အခက်အခဲတွေရှိခဲ့ပြန်သေးတယ်လို့ဆိုပါတယ်။ ဒီအခက်အခဲတွေကိုတော့ သူ့ရဲ့ ဆရာတွေဖြစ်တဲ့ တေးရေး မေသော်နဲ့ ကိုဥက္ကာဦးသာ တို့က ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

'' အခက်အခဲတွေကတော့ အများကြီးပါပဲ ဒီအလုပ်ကို ဝါသနာပါတာပဲရှိတယ်။ ဒီလောကကို ကိုယ်ကအခုမှရောက်တဲ့ အစိမ်းသက်သက်ပဲ ဖြစ်နေတဲ့အခါကျတော့ လုံးဝကို ကြိုးစားခဲ့ရတာ အများကြီးပေါ့နော်။ အခက်အခဲတွေကလည်း ဒီလမ်းကြောင်းကို ကိုယ်ဘယ်လိုသွားရမလဲ ပြောရမယ်ဆိုရင် သီချင်းတစ်ပုဒ်အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို မသိတာ ဒါပေမယ့် ဒီအခွေမှာပါဝင်ပေးကြတဲ့ အန်တီမေသော်တို့ ဆရာဥက္ကာတို့ အားလုံးက ဝိုင်းကူညီပေးခဲ့တဲ့ အတွက် အရမ်းကြီးခက်ခဲတယ်ဆိုတာတော့ မရှိခဲ့ပါဘူး'' လို့ ဆိုပါတယ်။

Photo: ပိုးမီဖေ့စ်ဘွတ်

 

ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

Share

Loading Next Article...
က္က