ဘာများဖြစ်မလဲ။

ဝိုင်းစုခိုင်သိန်းက ပရိသတ်တွေအတွက် Surprise တစ်ခု ပြင်ဆင်နေပါတယ်။ အဲ့ဒါကတော့ နိုဝင်ဘာ(၂၀) ရက်နေ့မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် နားဆင်နိုင်ဖို့ ပြင်ဆင်နေတာပါ။

Photo : ဝိုင်းစုခိုင်သိန်း FB

 

ဝိုင်းစုခိုင်သိန်းက ပရိသတ်တွေအတွက် Surprise တစ်ခု ပြင်ဆင်နေပါတယ်။ အဲ့ဒါကတော့ နိုဝင်ဘာ(၂၀) ရက်နေ့မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် နားဆင်နိုင်ဖို့ ပြင်ဆင်နေတာပါ။သီချင်းမထွက်ခင်မှာ ပရိသတ်တွေကို ပဟေဋ္ဌိလေးတွေနဲ့ Surprise လုပ်ခဲ့တဲ့ သူမက ဒီနေ့မှာတော့ အဲ့ဒီ Surprise က ဘာလဲဆိုတာ ပြောပြလိုက်ပါပြီ။

ပရိသတ်တွေအတွက် အကောင်းဆုံးတွေကိုသာ ပေးချင်တဲ့ သူမက သီချင်းအတွက် သေသေချာချာ ပြင်ဆင်ခဲ့တာပါ။ သီချင်းနာမည်ကိုတော့ "ပြတ်စာ" လို့ပေးထားတာတွေ့ရပါတယ်။ပရိသတ်တွေကလည်း မကြာခင် ထွက်တော့မယ့် သီချင်းသစ်အတွက် ရင်တွေခုန်နေကြပါပြီ။

Photo : ဝိုင်းစုခိုင်သိန်း FB

ဝိုင်းစုခိုင်သိန်းဟာ လက်ရှိမှာ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ပြင်ဆင်လို့နေပါတယ်။ နောက်ထပ် Single အခွေထွက်ဖို့ ကြိုးစားနေ တယ်လို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ဖူးပါတယ်။ Single အခွေ မထွက်ခင်မှာလည်း Audio အခွေထွက်ပြီး သားဖြစ်တဲ့ "မယ်သီတာ"ကို MTV အဖြစ် ထွက်နိုင်အောင်လည်း ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။

ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သီချင်းခွေတွေ မထွက်ခင် အတောအတွင်းမှာလည်း "ပြတ်စာ" ဆိုတဲ့ MTV လေးကို အရင်ဆုံး နားထောင်နိုင်အောင် ကြိုးစားထားတာပါလို့ သူမက ဆိုပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

တကယ်ချစ်တဲ့ အချစ်ကို အခုမှသိတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း 

အတိုက်အခိုက်တွေကြားက အနုပညာအလုပ်တွေ လုပ်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်းဟာ မေတ္တာ၊ စေတနာပဲ ထားလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့လည်းဆိုတောင်းပေးတယ် ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးခဲ့ဖူးပါတယ်။

''ဝိုင်းစုတို့ကို နှောင့်ယှက်ခဲ့သော၊ နှောင့်ယှက်နေဆဲသူတွေကိုလည်း တကယ့်စိတ်ရင်းစေတနာ အစစ်နဲ့ ဆုတောင်းပေးပါတယ် အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အလုပ်အကိုင်တွေ အဆင်ပြေပြီး ဝိုင်းစုတို့လို မိဘတွေ ကို လိုလေသေးမရှိ လုပ်ကျွေးပြုစုနိုင်တဲ့ သားသမီး ကောင်း သားသမီးမြတ်တွေဖြစ်ကြပါစေ'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

 

ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို  ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က