AD
AD
AD

ပရိသတ်များရဲ့ အချစ်တော် ဖွေးဖွေးကတော့ ကိုယ်ပိုင် Brand လေးတစ်ခုကို ထုတ်လိုက်ပါပြီ။ syko လို့ နာမည်ပေးထားတဲ့ Hoodie အင်္ကျီလေးတွေကို ပရိသတ်တွေအတွက် ခရစ္စမတ်နေ့ကစလို့ ဝယ်ယူရရှိနိုင်ပြီလို့လည်း သိရပါတယ်။

Limited edition နဲ့ ထုတ်တာလို့လည်း သိရပါတယ်။ ဖွေးဖွေးရဲ့ ကိုယ်ပိုင် Brand အင်္ကျီလေးတွေကိုတော့ HELLO Beauty Salon (စိတ္တသုခလမ်း/ကျောက်မြောင်း)၊ ALLURE (Pearl Condo ပုလဲ ကွန်ဒို Lotteria ဘက်ခြမ်း) တို့မှာ ဝယ်ယူရရှိနိုင်သလို အွန်လိုင်းကနေလည်း ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

play

 

Syko Be yourself Hoodie လေးကိုတော့ ဆိုဒ်လေးဆိုဒ်ထုတ်ထားကာ နှစ်ဖက်လှ အင်္ကျီလေးတွေလည်း ဖြစ်ပါတယ်။ ပန်းဆီနဲ့ အနက်ကို တလှည့်စီ ကြိုက်သလို ဝတ်လို့ရတယ်လို့ သိရပါတယ်။

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

play

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD