AD
AD
AD

ယှဉ်ပြိုင်မှုတွေ တစ်စစနဲ့ မြင့်တက်လာတဲ့ The Voice Myanmar ရဲ့ ပြိုင်ပွဲက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအမြင့်ဆုံး ရရှိနေတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒိုင်လေးဦးရဲ့ ပျော်ရွှင်စွာ တင်ဆက်မှုကလည်း ပရိသတ်တွေဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Blind Auditions Episode 5 မှာတော့ ပရိသတ်တွေမထင်ထားသလို ဒိုင်တွေတောင် အံ့သြသွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်လေးကို ဖန်တီးသူကတော့ မောင်မောင်အေးပါ။

play

 

ပျော်ရွှင်စရာ ကောင်းခဲ့တဲ့ ညလေးတစ်ညကို ပြုလုပ်ပေးခဲ့တဲ့ ကိုမောင်မောင်အေးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Bline Auditions Episode 5 ညရဲ့ အမှတ်တရလေးကို ယခုလို ပြန်ပြောထားပါသေးတယ်။

"စလည်းဆိုတော့ အသံကြားတာနဲ့ နီနီ က သိထားပြီးဖြစ်လို့ မသိချင်ယောင်ဆောင်ပြီး သူ့ဘေးက ရန်ချန်း နဲ့ ကျားပေါက် ကို လှမ်းကြပ်ပြီး အတင်းလှည့်လိုင်းခဲ့ပေမယ့် မောင်ကျား အသံတော်တော်မှတ်မိနေတော့ ( နားပါးချက်က မုန်းစရာ) နာမည်လှမ်းပြော လိုက်ပေမယ့် သူကိုယ်တိုင် လှည့်လည်းလှည့်ကြည့်ချင်ချင်လာတာနဲ့ လှည့်လိုက်တာမှာ အကြီးကြီးကြေကွဲသွားတဲ့မျက်နှာ အထင်းသားနဲ့ပေါ့  ၊ YC ကလည်း ရုတ်တရက် ဒေးဗစ်ကျော်ကြီး လို့ထင်သွားတာတဲ့ .. ( ရုပ်ဖျက်ရတာ တန်သွားပြီလေ )      

ဒါနဲ့ပဲ ဒေါ်နီ က သူ့ဘေးကနှစ်ယောက်လှည့်ပြီးပြီဆိုတော့ လှည့်ကြည့်ပြီး ခွီတော့မယ်လေ ဆိုပြီး လှည့်အလာ သူ မထင်ထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်နေတော့ကာ အထူးနဲ့မှ မတရား ဖြဲကားရယ်ပြီးသကာလ စင်ပေါ်တက်လာရရှာတော့တယ်။

မစ္စတာလင်း တယောက်ပဲ ကျန်နေတော့ကာ ဒင်းက ဘာပုလို့ ငါ့မလှည့်ကြည့်ရတာလဲဆိုပြီး ကိုယ့်မာန နဲ့ ဒင်းမာန ပြိုင်ကြတာပေါ့ကွာ ဆိုပြီးသကာလ သူ့ဘေးထိ ကပ်ဖြဲပေးလိုက်တော့တယ်ပြန်ကြည့်တိုင်းလည်း အရမ်းကိုအမှတ်တရများသွာနဲ့ ပျော်ရ ကြည်နူးရပါတယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

မောင်မောင်အေးဟာ နီနီခင်ဇော်နဲ့ ဒင်နာတစ်ခုမှာ ဆုံရင်းနဲ့ The Voice Myanmar မှာ ဒိုင်လုပ်ရမယ့် အကြောင်းကို ပြောရင်း အခုလိုမျိုး ဝင်နောက်ရင် ကောင်းမယ်ဆိုတာကို အကြံရသွားပြီး ယခုလိုမျိုးလုပ်ခဲ့တာဆိုပြီး ပြောထားပါသေးတယ်။ ကိုမောင်မောင်အေးရဲ့ ဆေးထိုးမှုက ဒိုင်တွေသာမက ပရိသတ်တွေပါ ပျော်ခဲ့ရတာပါ။

play

 

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ The voice Myanmar သီချင်းဆို ပြိုင်ပွဲကြီးကတော့ အဖွင့်ပွဲမှာတင် ပရိသတ်များကို ဖမ်းစားနိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ The Voice Myanmar 2018 ပြိုင်ပွဲမှာ ဆုရရှိသူက ဆုကြေး ကျပ် သိန်း ၂၀၀ နဲ့ Universal Studio နဲ့အတူ တေးသီချင်း ပြုလုပ်ခွင့် ရရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : The Voice Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD