AD
AD
AD

Miss International  ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့  သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss International Myanmar 2017  အလှမယ် စဝ်ယွန်းဝတီဦးကတော့ Top 15 ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် စဝ်ယွန်းဝတီဦးကတော့ ဘာဆုမှ မရတဲ့အတွက် သူမညံ့လို့ဆိုပြီး ဝန်ခံလိုက်ပါတယ်။

play

 

"အမှန်ဆို အဖက်ဖက်က ဒီလောက်ပြည့်စုံအောင် ပံ့ပိုးပေးထားရက်နဲ့ top 15 တောင်မဝင်တာ စဝ် ညံ့လို့ မတော်လို့ လို့ပဲမြင်ပါတယ် ...

ရှုံးနိမ့်မှုအတွက် ဆင်ခြေမရှိပါဘူး."  လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

သူမရဲ့ ကိုယ့်ကိုကို အပြစ်တင်ပြီး နိမ့်ချပြောတတ်တာကြောင့် သူမရဲ့ ပရိသတ်တွေကတော့ အပြစ်မမြင်ပဲ ပိုပြီးတော့ တောင်ချစ်ခင်လာတာတွေ့ရပါတယ်။

ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူမကို ပရိသတ်တွေက စိတ်ဓာတ်မကျဖို့ အားပေးထားကြပါတယ်။

play

 

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ၅၇ ကြိမ်မြောက် Miss International 2017 ပြိုင်ပွဲကြီးမှာတော့ Winner ဆုကိုတော့ အင်ဒိုနီးရှားက အလှမယ် Kevin Lilliana၊ 1st Runner up ကိုတော့ Curacao က Chanelle De Lau ၊ 2nd Runner up Diana Croce တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊  ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး တို့က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ။်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD