ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

Miss Supranational 2018 Final ပြိုင်ပွဲကြီးမှာ မြန်မာအလှမယ် ရွှေအိမ်စည်ဟာ Top 25 အနေနဲ့သာ ကျေနပ်ခဲ့ရ ပါတယ်။

Photo : Miss Supranational FB

 

Miss Supranational 2018 Final ပြိုင်ပွဲကြီးကို ဒီဇင်ဘာ(၇) ရက်နေ့က ပိုလန်နိုင်ငံ Karpacz မြို့မှာ ပိုလန်အချိန် ည(၈)နာရီကကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံထက် ပိုလန်နိုင်ငံရဲ့ နာရီချိန်ဟာ (၆)နာရီကျော်ကြာ နောက်ကျပေမယ့်လည်း မြန်မာပရိသတ်များက အိမ်စည့်အတွက် မအိပ်မနေ အားပေးခဲ့ကြတာတွေ့ရပါတယ်။

 

အိမ်စည့်အနေနဲ့လည်း ပရိသတ်တွေ မျှော်လင့်ထားသလို အကောင်းဆုံးဖြစ်အောင် ပြိုင်ပွဲတစ်လျှောက် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Final Night မှာ အိမ်စည့်အနေနဲ့ Top 25 Finalist အနေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ Top 25 အထိသာ ဝင်ခဲ့ပေမယ့်လည်း ပရိသတ်တွေက စိတ်မညစ်ဖို့နဲ့ သူမ ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုကြောင်း ပြောပြထားတဲ့ ပို့စ်တွေ ကောမန့်တွေကလည်း အများကြီးပါပဲ။

 

ပရိသတ်တွေ အားမငယ်စေရဘူးလို့ ဆိုလာတဲ့ ရွှေအိမ်စည် 

Miss Supranational 2018 Winner ဆုကို Puerto Rico အလှမယ်က ဆွတ်ခူးရရှိခဲ့ပြီး 1st Runner up ဆုကို United State(USA) အလှမယ် ၊ 2nd Runner up ဆုကို Poland အလှမယ် ၊ 3rd Runner Up ဆုကို Indonesia အလှမယ် နဲ့ 4th Runner Up ဆုကို Mexico အလှမယ်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Photo : Miss Supranational FB

 

အိမ့်စည်အနေနဲ့ Top 25 Finalist နဲ့သာ ကျေနပ်ခဲ့ရပေမယ့်လည်း နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံကို သတိထားမိအောင် ကြိုးစားနိုင်ခဲ့တဲ့ အလှမယ်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုမသိတဲ့ နိုင်ငံတကာ အလှမယ်တွေကြားထဲမှာ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က