တုံ့ပြန့်စကားပြောပြလိုက်ပါတယ်။

မော်ဒယ်ယွန်းမှီမှီကျော်ဟာ Underwear ကြော်ငြာရိုက်ကူးနေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပရိသတ်ဝေဖန်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။ဒီလို ဝေဖန်မှုတွေ အပေါ် မှာလည်း သူကိုယ်တိုင်က တုန်လှုပ်ခဲ့ခြင်းမရှိပါဘူး ။ အနုပညာအလုပ်လုပ်နေသူဖြစ်တာ ကြောင့်လည်း ဒီ အကြောင်း တရားတွေကို လည်း လက်ခံတယ်လို့ သူကပြောပါတယ်။


Photo: Yoon Mhi Mhi Kyaw Facebook

 

မော်ဒယ်ယွန်းမှီမှီကျော်ဟာ Underwear ကြော်ငြာရိုက်ကူးနေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပရိသတ်ဝေဖန်မှုတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒီ အတွင်းခံကြော်ငြာ ရိုက်ဖြစ်တာကလည်း မိန်းမတစ်ယောက်အတွက် အရေးကြီးတဲ့ အရာဖြစ်လို့ လက်ခံရိုက်ကူးလိုက်တာပါ ဆိုတဲ့ ခံစားချက် လေးကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' Underwear ကြော်ငြာရိုက်တဲ့ ဗီဒီယိုလေးက ဘာပဲပြောပြော ရေကူးကန်သွားတာပဲဖြစ်ဖြစ်၊ ကမ်းခြေသွားတာပဲဖြစ်ဖြစ် ရေကူးဝတ်စုံတွေ ဝတ်ကျသေးတာပဲ။ အတွင်းခံဆိုတာ မိန်းမတစ်ယောက်အတွက်အရေးကြီးတယ်။ အဲ့ဒီအတွက်ရိုက်တာလည်းဖြစ်တယ်။ ဝတ်ထားတာကလည်း Women Screct ကပေါ့ သူတို့ကလည်း ဒီအိုင်ဒီယာလေးနဲ့ရိုက်ချင်တယ်ဆိုလို့ ရိုက်ဖြစ်တာပါ'' လို့ ဆိုပါတယ်။

Photo: Yoon Mhi Mhi Kyaw Facebook

 

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ယွန်းမှီမှီကျော်ရဲ့ Underwear ကြော်ငြာကြောင့် ပရိသတ်များစွာတို့က ဝေဖန်ခဲ့ကြပါတယ်။ ဒီလို ဝေဖန်မှုတွေ အပေါ် မှာလည်း သူကိုယ်တိုင်က တုန်လှုပ်ခဲ့ခြင်းမရှိပါဘူး ။ အနုပညာအလုပ်လုပ်နေသူဖြစ်တာကြောင့်လည်း ဒီလိုအကြောင်းတရားတွေကို လည်း လက်ခံတယ်လို့ သူကပြောပါတယ်။

'' အားပေးတာပဲ ဖြစ်ဖြစ်၊ ဝေဖန်ကြတာပဲ ဖြစ်ဖြစ် လက်ခံပါတယ်။ အနုပညာအလုပ်လုပ်နေတဲ့သူဖြစ်လို့ ဒါတွေကတော့ ဒွန်တွဲနေမှာပဲ အဲ့ဒီ အတွက် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ အားပေးတဲ့ ပရိသတ်တွေကိုရော၊ ဝေဖန်တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်'' ဆိုတာ ကို သြဂုတ်လ ၄ ရက်နေ့က Aroma fashion show ပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Yoon Mhi Mhi Kyaw Facebook

နှစ်သစ်ကူးညကို အလှူလုပ်ရင်းဖြတ်သန်းမယ့် ဇွန်သံစဉ် 

ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ ယွန်းမှီမှီကျော်က အရင်တုန်းကလည်း အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ သူဟာ ခန္ဓာကိုယ် ဝလွယ်၊ ပိန်လွယ်လွန်းတယ်လို့ပြောပါတယ်။ သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ် ကို တော့ အစားအသောက်နဲ့ ထိန်းမယ့်အစား Gym ပုံမှန်ဆော့ပြီး ထိန်းသိမ်း တာကြောင့် ယုံကြည်မှု ရှိတယ်လို့ ဆိုပါတယ်။

'' ကိုယ့်ကိုယ်ကို အရင်တုန်းကတည်းက ယုံကြည်မှုရှိတယ်၊ တစ်ခါတလေကျတော့လည်း ကိုယ့်စိတ်လေးကို လွှတ်ထားလိုက်တာပေါ့။ ကိုယ် လုပ် ချင်တာရှိရင် သိပ်ပြီးမစဉ်းစားဘူး လုပ်လိုက်တယ်။ ကိုယ့်စိတ်ရဲ့ ထွက်ပေါက်ကို ကိုယ်ပေးလိုက်တာ ထိန်းကွပ်တာမျိုး သိပ်မလုပ် ဘူး။ ကိုယ့်စိတ်ကိုယ် ပေါ့ပေါ့ပါးပါးလေး ထားလိုက်တယ်'' လို့ ဆိုပါတယ်။

Photo: Yoon Mhi Mhi Kyaw Facebook

 

ယွန်းမှီမှီကျော်က အနုပညာလောကထဲကို  မော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ အလှမယ်ပြိုင်ပွဲ တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာတော့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့သာ ရပ်တည်နေတာဖြစ်ပြီး ဖက်ရှင်ရှိုး ပွဲတွေ၊ Music MTV တွေမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က