ချစ်သူသက်တမ်းက (၆)နှစ်တောင်နော်။

ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်သက်တမ်းဟာ (၈)နှစ်လောက် ရှိလို့ နေပါပြီ။

 

အဆိုတော် Wai လျှံတို့ ဇနီးမောင်နံှဟာ ဒီနေ့(အောက်တိုဘာ၂၀ရက်)မှာ အိမ်ထောင်သက်တမ်း(၂)နှစ်ပြည့်လို့သွားပါပြီ။ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်သက်တမ်းဟာ (၈)နှစ်လောက်ရှိလို့နေပါပြီ။ နားလည်မှုတွေနဲ့ တည်ဆောင်ထားတဲ့ သူတို့ရဲ့ ဘဝထဲကို အခုဆိုရင် အမြွှာသားလေးနှစ်ယောက်ပါ ရောက်ရှိလို့နေပါပြီ။

 

(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာလည်း Wai လျှံက ဇနီးသည်အတွက် မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားလေး ပြောထား တာ တွေ့ရပါတယ်။

"ကဲ ဒီ ၂၀ ရက်နေ့ မနက် ၉ နာရီ ဆိုရင် ဘေးနားက ရုပ်ဆိုးဆိုး အရပ်ရှည်ရှည် ကောင်မလေး နဲ့ အာဝါဟ ဝိဝါဟ ပွဲ ပြုခဲ့တာ ၂နှစ် ပေါ့ လေ ၂၀၁၀ ကစ တဲ့ ချစ်သူရည်းစား သံယောဇဉ်ချစ်မေတ္တာ က ၆နှစ် ပေါင်းလက်ရှိ ချည်နှောင်ခဲ့တဲ့ ကြိုးရဲ့ ခိုင်မြဲမှုက ၈နှစ် ၈နှစ် မက သက်ဆုံးတိုင် ရစ်ပတ်ချည်ထားတဲ့ ဘာနဲ့မှဖြတ်တောက် မရတဲ့ နောက်ထပ်ကြိုးနှစ်ချောင်းက Frank & Tank ကဲ ဒီ လောက်ခိုင်မာသေချာနေတာ တောင် ယောက်ကျားကို လူပျိုလေးတစ်ယောက်လို သဝန်တိုစိတ်ပူတဲ့ မိန်းမ ရေ အရမ်းချစ်တယ်နော် နားလည်သထက် ပိုနားလည်စွာ အချစ်တွေဆတိုးပွားမယ်ကွာ ဟတ်ပီး 2years wedding anniversary ပါ မိန်းမ " ဆိုပြီး အောက်တို ဘာ(၂၀) ရက်နေ့ မနက်အစောက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြောထားတာဖြစ်ပါတယ်။

မရှိမဖြစ်ကောင်မလေးတစ်ယောက်အကြောင်းပြောလာတဲ့ ဝေလျှံ 

Wai လျှံနဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ဇူလိုုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၁) ရက်နေ့မှာ အမြွှာသားလေးနှစ်ယောက် ရောက်ရှိလို့ လာခဲ့ ပါတယ်။ ချစ်စရာကောင်းတဲ့ အမြွှာသားလေးနှစ်ယောက်ကို Frank & Tank လို့နာမည်ပေးထား တာဖြစ်ပြီး သားလေးနှစ် ယောက်ကို ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၁) ရက်နေ့က ပင်လံဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Frank & Tank တို့ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ(၂၁) ရက်နေ့မှာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က