AD
AD
AD

ခါရာကတော့ ပရိသတ်တွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်တဲ့။ We Love Khar Ra’ Group (၂) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ရှုတင်အထိ လာပြီး လက်ဆောင်တွေ လာပေးသွားတဲ့ We love လေးတွေကို ကျေးဇူးလဲ တင်သလို ချစ်လဲ ချစ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

လက်ဆောင်တွေကလည်း အများကြီး ပေးသွားပါ။ ပန်းစည်းတွေ ပန်းအိုလေးတွေနဲ့ အရုပ်လေးတွေ အများကြီးပေးသွားတာ တွေ့ရပါတယ်။

play

 

ခါရာက ပရိသတ်တွေ ပေးတဲ့ လက်ဆောင်လေးတွေကို သူ့အကောင့်မှာ တင်ပြီး ယခုလို စာသားလေးလည်း ရေးသားထားပါတယ်။

"‘We Love Khar Ra’ Group ၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ကျွန်တော့်Shooting ထိလာပြီးတော့ လက်ဆောင်တွေ တကူးတကလာပေးသွားတဲ့ ကျွန်တော့်ကို ချစ်တဲ့ ကျွန်တော်ချစ်ရတယ့် We Love ❤️ များကို ကျေးဇူးလဲတင်တယ် ချစ်လဲချစ်တယ် ဝမ်းသာကြည်နူးမိပါတယ်ဗျာ " ဆိုပြီး ပြောထားပါတယ်။

play

 

ရှမ်းတိုင်းရင်းသား ခါရာဟာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ရှိလာသူ ဖြစ်ပါတယ်။ ခါရာဟာ မော်ဒယ် လောက ထဲကနေ Mister ပြိုင်ပွဲတွေကို နိုင်ငံကိုယ်စားပြု တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ခါရာဟာ မြန်မာနိုင်ငံကိုယ်စားပြု Mister တစ်ယောက်အဖြစ် ၂၀၁၄ခုနှစ်က ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ Mr. Asia Contest 2014 ပြိုင်ပွဲမှာ ဒုတိယဆုနဲ့အတူ ဆုငါးဆုကို ရရှိခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

play

 

ခါရာဟာ မော်ဒယ်လောကမှာ သုံးနှစ်လောက် ကြာအောင် ကြိုးစားခဲ့ပြီး ပရိသတ်အားပေးမှု ရရှိတဲ့ မော်ဒယ်တစ်ယောက်ကနေ အခုဆိုရင် သူဖြစ်ချင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့လာပါပြီ။

မိန်းကလေးပရိသတ်များရဲ့ အားပေးမှု ရရှိထားတဲ့ ခါရာကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးလျက်ရှိသလို သူရဲ့ ဇာတ်ကားများကို Bonanaza ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးတယ်လို့ သိရပါတယ်။

Photo : ခါရာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD