AD
AD
AD
play

 

သရုပ်ဆောင် ရွှေပိုးအိမ်က We Love အဖွဲ့သားတွေနဲ့အတူ သူမပြုလုပ်ချင်တဲ့ ပရဟိတအလှူလေးကို ပြုလုပ်နိုင်ခဲ့ပါပြီ။ဧပြီ(၂၂) ရက်နေ့က We Love အဖွဲ့နဲ့ အတူ မှော်ဘီမြို့နယ်ရှိ ခိုလှုံရာသက်ကြီးစောင့်ရှောက်ရေးဂေဟာနဲ့ လှည်းကူးမြို့နယ်ရှိ မေတ္တာမွန်ပရဟိတကျောင်းတို့ကို ဆန်၊ဆီ၊စားသောက်ကုန်နဲ့အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီနေ့မှာလည်း ရွှေပိုးက သူမရဲ့ဖေ့စ်ဘွတ်မှာ သူမတို့သွားလှူဒါန်းခဲ့တုန်းက ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားပါသေးတယ်။

"အရှင် ဝိသုဒ္ဓ မေတ္တာမွန် ပရဟိတကျောင်းမှာ We Love မောင်နှမများက ကလေးတွေတနေ့စာ အာဟာရနှင့် အုတ်တံတိုင်းတ ချပ်စာ အလှူငွေနှင့် VeVe မှလှူဒါန်းထားသော အချိုရည်များနှင့် ကလေးကျောင်းသုံးပစ္စည်းများ ,ကစားစရာများ ,ဆန်,လှဧရာပဲဆီ နှင့် လိုအပ်တာများကို လှူဒါန်းခဲ့ပါသည်" ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

play

 

ပရိသတ်တွေနဲ့အတူ သူမပြုလုပ်ချင်တဲ့အလှူလေးကို ပြုလုပ်ခဲ့ရလို့  ရွှေပိုးတစ်ယောက် ပျော်လို့နေပါတယ်။ရွှေပိုးအိမ်ဟာ ငယ်စဉ်ကတည်းက ပရဟိတကို ဝါသနာပါတဲ့သူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု ရရှိဖို့အတွက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူမဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း ခေါင်းဆောင်းမင်းသမီးနေရာက ပါဝင်ရိုက်ကူးလျက်ရှိတယ်လို့ သိရပါတယ်။

 

Photo : ရွှေပိုးအိမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD