AD
AD
AD
play

 

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့  ဟာသသရုပ်ဆောင် ကစ်ကစ်ဆီသို့ သရုပ်ဆောင် စိုးပြည့်သဇင် သွားရောက်ခဲ့ပါတယ်။ စိုးပြည့်သဇင်က သူမရဲ့ ပရိသတ်တွေနဲ့အတူ ကစ်ကစ်ကို သွားတွေ့ခဲ့တာဖြစ်ပြီး သူမတို့ တတ်နိုင်သလောက်လေး ကူညီခဲ့တယ်လို့ သိရပါတယ်။

"ဒီနေ့...မကစ်ဆီကိုသွားတွေ့ပြီးလှူခဲ့ပါတယ်ရှင်....ဖုန်းလည်းကြိုမဆက်ထားတော့...ကိုယ့်အသံကြားတော့အံသြဝမ်းသာသွားရှာတယ်။ တော်တော်လေးတော့ပြန်ကောင်းလာပါပြီ.။ သူခံစားရတဲ့ဝေဒနာတွေလည်းပြောပြတယ်.....စိုးပြည့်အသံကိုကြားဖူးတယ်လိှု့ထင်နေတာတဲ့....လူကတော့ဝါးဝါးဘဲမြင်ရတယ်တဲ့"  ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

play

 

ဒီလှူဒါန်းမှုမှာ စိုးပြည့်သဇင်သာမက သူမရဲ့ We Love အဖွဲ့တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ စိုးပြည့်ရဲ့ မွန်မြတ်တဲ့ အလှူလေးအတွက် ပရိသတ်တွေကလည်း သာဓုခေါ်နေကြပါတယ်။ စိုးပြည့်ဟာ ကစ်ကစ်ဆီကို သွားလှူချင်နေတာကြာပါပြီ။ အခုတော့ သူမရဲ့ လှူချင်တဲ့ စိတ်လေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကို ခံစားနေရရုံသာမက ကျောက်ကပ်ကပါ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆီးချိုကြောင့် မျက်လုံးနှစ် လုံး စလုံးဟာ ကွယ်နေသလို ကျောက်ကပ်ကလည်း လုံးဝမကောင်းတော့ဘူးလို့ သိရပါတယ်။ အခုလက်ရှိမှာ ကစ်ကစ်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။

play

အခုဆိုရင် အနုပညာအဖွဲ့သားတွေဟာ သရုပ်ဆောင် ကစ်ကစ်ဆီသို့ သွားရောက်ပြီး တတ်နိုင်သမျှလေးတွေ ကူညီထောက်ပံ့ ပေးနေကြပါတယ်။ စိုးပြည့်သဇင်ဟာ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေလုပ်နေသလို အမတွေနဲ့အတူ သီချင်းတွေ တိုက်နေတာလည်း တွေ့ရပါတယ်။ အမေတွေနဲ့ သီချင်းထွက်ဖို့ စီစဉ်နေတာပါ။

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်ဟာ အသက်(၂၅)နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။ အသက်(၁၈)နှစ်အရွယ်မှာ မိုးညအိမ်မက်မြူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

play

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD