ပုဂံမှာရှိတဲ့ ဘုရားတွေမှာ သန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်တဲ့။

မို့မို့မြင့်အောင်က သူချစ်တဲ့ We Love လေးတွေနဲ့အတူ ပုဂံံမြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုရားမှာ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ကပ်၊ သန့်ရှင်းရေး တွေလုပ်ရင်းနဲ့ ကုသိုလ်ယူခဲ့ကြတယ်လို့ဆိုပါတယ်။ မကြာသေးခင်ကလည်း we love လေးတွေရဲ့ Surprise လုပ်တာ ခံခဲ့ရပါတယ်။



Photo: မို့မို့မြင့်အောင်

 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီမို့မို့မြင့်အောင်က သူ့ကိုအခိုင်အမာချစ်ကြတဲ့ We Love လေးတွေနဲ့ မကြာခဏ ကုသိုလ်ရေးတွေ လုပ်လေ့ရှိသူ ဖြစ်ပါတယ်။ အခုလည်း ပုဂံမှာရှိတဲ့ အလိုတော်ပြည့် ဘုရားမှာ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တဲ့ ပီတိစကားကို အခုလိုပြောပြလာပါတယ်။

'' ချစ်ခင်လးစားတန်ဖိုးထားရပါသော ချစ်ပရိသတ်ကြီးနှင့်We Love ချစ်သူတို့ရှင့် မို့နှင့်အတူပုဂံမှာရောက်နေတဲ့ We We လေးတွေနှင့် အလိုတော် ပြည့်ဘုရား မှာ ဖူးမြော်သပ္ပာယ်သန့်ရှင်းရေးပြုလုပ်မှာဖြစ်တဲ့အတွက် liveလွှင့်ပါမယ်။ ပရိသတ်ကြီးနှင့် we love ချစ်သူအပေါင်းတို့ မျှဝေ ခံစားပီတိဖြစ်၍ သာဓုခေါ်နိုင်ကြပါစေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲက  သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: မို့မို့မြင့်အောင်

 

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်က ဦးကျော်သူကိုယ်တိုင် ရိုက်ကူးတဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှာ ပရိသတ်တွေရဲ့ Surprise လုပ်ခြင်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ပုဂံအထိ လာပြီး Surprise လုပ်ကြတဲ့ ပရိသတ်တွေကြောင့်လည်း ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

''လေးစားရိုသေချစ်ခင်မြတ်နိုးရပါသောပရိသတ်ကြီးနှင့်  We love mmma ချစ်သူ တို့ရှင့်။ ဒီနေ့ ပုဂံမှာရောက်နေတဲ့ ၁၀၁၄ရုပ်ရှင် ရိက်ကွင်း မှာ မို့ရဲ့ we we အသဲလေးတွေက မို့ကိုsuprise လုပ်ချလိုက်ပြန်ပြီ ၁၀၁၄ရုပ်ရှင်ဇတ်ကားရဲ့ ဒါရိုက်တာသရုပ်ဆောင် ကိုကျော်သူကိုတွေ့ချင် လို့ ဆိုပြီးတောင်းဆိုလာလို့ မို့သူကားရိုက်နေတယ်မအားဘူးထင်တယ်ဆိုတာ အတင်းခေါ်ခိုင်းလို့ ကိုယ်လဲအားနာပါးနာနဲ့ခေါ်ပေးမှ နာရေး ကူညီမူ့ အသင်းအတွက် ငွေခ၃၆၀၀၀၀/ိ ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက် အလှု လက်ခံယူပေးပါ ဆိုမှ ကိုယ်လည်း သိရတော့တယ်။ ချစ် ပရိသတ် ကြီး နှင့်we we ချစ်သူအပေါင်း သာဓုခေါ်နိုင်ပါစေ စီစဉ်ဦးဆောင်ပေးတဲ့ ကိုကျော်စွာမြင့်မို Mayrose sandiတို့ကိုကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: မို့မို့မြင့်အောင်

 

ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အကယ်ဒမီများရှင်လည်းဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မို့မို့မြင့်အောင်ဟာ မေလ ၂၆ ရက်နေ့ က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့တုန်းကလည်း We Love လေးတွေနဲ့ အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

''ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့်We love mmma ချစ်သူအပေါင်းတို့ရှင့်။ ဒီနေ့ နယုန်လဆန်း၁၂ ရက် ကမို့ရဲ့မြန်မာ မွေးရက် ပါ။ မေ၂၅ ကတော့we Love mmma တွေကို ဦးစားပေးရတယ်လေ။ ဒီနေ့မို့ရဲ့မြန်မာမွေး ရက်ကလေးရဲ့လှုပ်ရှားမှုလေးတွေ တင်ပေးပါမယ်နော်'' ဆိုပြီးတော့ ပြောပြခဲ့တာပါ။

လက်ရှိ အိမ်ထောင်ရေးအကြောင်းပြောလာတဲ့ မို့မို့မြင့်အောင် 

Photo: မို့မို့မြင့်အောင်

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က