AD
AD
AD
play

 

မကြာသေးခင်ကမှ အမျိုးသားဇာတ်ဆောင်ဆုနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူ နေတိုးက သူ့ရဲ့ We Love Nay Toe Group နဲ့အတူ ပြင်ဦးလွင်မှာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အကယ်ဒမီ အမှတ်တရ အလှူမင်္ဂလာ အဖြစ်  ပြင်ဦးလွင်မှာ ရှိတဲ့ ဒိုးပင်အောင်ကံသာပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းပြုလုပ်ခဲ့တာပါ။

play

 

ယင်းကျောင်းမှာရှိတဲ့ ကျောင်းတိုင်ဆရာတော်အား ကံထပ်မင်္ဂလာပြုလုပ်ကုသိုလ်ပြု လှူဒါန်းခဲ့သလို ရှင်သာမဏေ(၂)ပါးနဲ့ မိဘမဲ့ကလေးများ၊ ကျောင်းတွင် လိုအပ်သည်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ အလှူပွဲကို ဧပြီ(၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

မကြာသေးခင်ကမှ တာတေကြီး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ နေတိုးဟာ သူရရှိခဲ့တဲ့ အကယ်ဒမီဆုရဲ့ ရွှေကြယ်တွေကို ဘုရားမှာ လှူဒါန်းနေကြဖြစ်ပါတယ်။ ဒီနှစ်မှာလည်း သူရရှိထားတဲ့ အကယ်ဒမီရွှေစင်ရုပ်ထုရဲ့ ရွှေကြယ်ကို ဘုရားမှာ လှူဒါန်းဦးမှာလို့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။ 

အနုပညာနဲ့ ပတ်သက်လာရင် အဖက်ဖက်မှာ ထူးချွန်တဲ့ နေတိုးဟာ မိန်းကလေးပရိသတ်များရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

play

 

၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ပါတယ်။

Photo : We Love Nay Toe Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD