AD
AD
AD
play
Photo: ယမုံဖေ့စ်ဘွတ်

 

အလှမယ် ယမုံကတော့ အခုလက်ရှိမှာ Miss Myanmar World 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အယောက် ၂၀ မှာလည်း ပါဝင်လျှက်ရှိတဲ့ သူ့အနေနဲ့ Body, Beauty , Brain နဲ့ ပတ်သက်ပြီး လေ့ကျင့်နေရသလို တခြား ဗဟုသုတအပိုင်းတွေမှာလည်း သေသေချာချာလေ့လာနေရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ပြိုင်ပွဲအတွက်ကတော့ Body, Beauty , Brain အဲ့ဒါတွေကို သေချာ လေ့ကျင့်နေပါတယ်။ ပြီးရင် တခြားဗဟုသုတတွေကိုလည်း ညီမ လေ့လာ နေပါတယ်။ ဒီပွဲမှာ ယှဉ်ပြိုင်ဖြစ်တာကလည်း အတွေ့အကြုံအသစ်လေးတွေထပ်ယူတာရယ်၊ ကိုယ်အရင်ကတည်းက အရမ်းပြိုင်ချင်ခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်တဲ့အတွက် ထပ်ပြီးတော့ ကြိုးစားခဲ့တာပါ။ လူတစ်ယောက်က ဘယ်လောက်အထိကြိုးစားရမယ်ဆိုတဲ့ Limit မရှိဘူးလေ။ အဲ့ဒီအတွက် ယမုံတို့ကလည်းလုပ်နေတယ်ဆိုပေမယ့် ကိုယ်နေရာတစ်ခုအထိ မရောက် သေးတဲ့အတွက် ထပ်ပြီးတော့ နေရာလေးတစ်ခုကိုရောက်ချင်တယ်။ ထပ်ပြီးတော့လည်း ကြိုးစားပိုင်ခွင့်ရှိတယ်ထင်လို့ ဆက်ပြိုင်ခဲ့တာပါ''လို့ သူကဆိုပါတယ်။

play
Photo: ယမုံဖေ့စ်ဘွတ်

 

ယမုံဟာ Miss Myanmar World 2018 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးရဲ့ဆန္ဒအရ Winner တော့ဖြစ်ချင်တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ သွားညှိတပ်ထား ရတာကြောင့် ပြိုင်ပွဲမှာ အခက်အခဲလေးတွေရှိလာမယ်ဆိုတာကို သိနေတယ်လို့ Duwun media ကိုပြောပြခဲ့ပါတယ်။

'' ပြိုင်ပွဲပြိုင်ပြီဆိုမှတော့ Winner ဖြစ်ချင်တာပေါ့နော်။ Winner ဖြစ်အောင်လည်းကြိုးစားမယ်။ မဖြစ်ခဲ့ဘူးဆိုရင်လည်း ဒါကတော့ အတွေ့အကြုံ အသစ်တစ်ခုရတာပေါ့။ လူတွေ့စစ်ဆေးတုန်းကလည်း ယမုံကို ဒီသွားကိုဖြုတ်ပေးလို့ရနိုင်လားမေးတယ်။ ဖြုတ်ပေးလိုက်ရင် ယမုံ သွားတွေက ယိုင်သွားမယ် ဖြုတ်ပေးလို့မရဘူးဆိုတဲ့အချိန်မှာ သူတို့အကြီးအကျယ် Meeting ထပ်ပြီးတော့ လုပ်တယ်။ သူတို့လည်း အခြေအနေ တစ်ခုအထိလက်ခံလို့ Top 20 ထဲကို ညီမရောက်လာပြီ။ အခက်အခဲကတော့ ဆက်ပြီးရှိနေမယ်ဆိုတာ သိပါတယ်။ Final မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်မလဲ မသိသေးပါဘူး'' လို့ဆိုပါတယ်။

play
Photo: ယမုံဖေ့စ်ဘွတ်

 

ယမုံဟာ ဒီသွားတွေ တပ်ပြီးတဲ့နောက် အနုပညာအလုပ်တွေလုပ်လာတာ ၈ လလောက်ရှိပြီလို့ဆိုပါတယ်။ ဒီပြိုင်ပွဲတစ်ခုကြောင့်လည်း သူ့ရဲ့ သွားတွေက အနှောင့်အယှက်၊ အတားအဆီးဖြစ်တယ်လို့ မထင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသွားလေးတွေကြောင့်ပဲ ပြိုင်ပွဲအတွက် စိတ်ထဲမှာ စိုးရိမ်ပူပန်တာလေးတွေရှိတယ်လို့ ဆိုပါတယ်။

 

play
Photo: ယမုံဖေ့စ်ဘွတ်

 

သွားညှိတပ်ထားရတယ်ဆိုတဲ့ ယမုံက သူ့ရဲ့ သွားတွေက အရင်ကတည်းက မလှလို့ပါလို့ ဆိုပါတယ်။ အရွယ်မတိုင်ခင် ကျိုးသွားတဲ့ သွားက ပြန်ထွက်လာတဲ့အချိန်မှာ မလှတာကြောင့် သွားညှိတပ်ရတာပါလို့ သူကပြောပါတယ်။

'' ယမုံက ငယ်ငယ်ကတည်းက သွားမလှဘူး၊ သွားလေးတစ်ချောင်းက အရွယ်မတိုင်ခင် ကျိုးသွားတယ်၊ ပြန်ထွက်လာတဲ့သွားကလည်း Main သွား နှစ်ခုကြားထဲကနေ သေးသေးလေးတစ်ခု ပြန်ထွက်လာတော့ ယမုံ သွားလေးက ၃ ချောင်းဖြစ်နေတော့ Miss ပြိုင်ပွဲတွေ ပြိုင်တဲ့အခါမှာလည်း သွားလှဖို့လည်း လိုသေးတယ်လေ။ အဲ့ဒါကြောင့် သွားလေး ၃ ချောင်းကို ပြန်ညှိတဲ့အနေနဲ့ ဘရိတ်စ် တပ်ထားလိုက်တာပါ'' ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

play
Photo: ယမုံဖေ့စ်ဘွတ်

 

ယမုံဟာ Miss Crown 2017 ဆုကိုလည်း ဆွတ်ခူးရရှိထားတဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် တခြား Miss ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်လာတာကို တွေ့ရပါတယ်။ ယမုံဟာ ၂၀၁၄- ၂၀၁၅ ရွှေကြိုမောင်မယ် ရွေးချယ်ပွဲမှာလည်း ရွှေကြိုတစ်ဦးအဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ယမုံဟာ Miss Myanmar World 2018 ပြိုင်ပွဲကြီးရဲ့ စကာတင်အယောက် ၂၀ ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD