အားပေးဖို့ အသင့်ပဲလား။

အဆိုတော် X-Box က X-BOXIN x XTREME ဆိုတဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ရှိတဲ့ ဖိနပ်တွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါပြီ။ ဂီတအလုပ် တွေ လုပ်နေတဲ့ ကြားက ပရိသတ်အတွက် အမှတ်တရ ထွက်ရှိလာတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။

Photo: X box

 

Rap ဂီတမှာ အောင်မြင်မှုတစ်ခုပိုင်ဆိုင်ထားနိုင်တဲ့ X-Box ကတော့ သူ့ရဲ့ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ X-BOXIN x XTREME အမှတ်တံဆိပ် ရှိ ဖိနပ်တွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အခုချိန်ကစပြီး Pre Order မှာလို့ ရပြီလို့လည်း ပြောပြခဲ့ပါတယ်။

'' X-BOXin သီချင်းဆိုတယ်။ ဒါပေမယ့် ခုခဏဈေးရောင်းမယ်။ အောက်ပါ Link တွေမှာ (X-BOXIN x XTREME)၊ ကွင်းထိုးဖိနပ် Pre Order မှာလို့ရပါပြီ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ ကတော့ အားပေးဖို့ အသင့်ပါပဲတဲ့။

Photo: X box

 

X-Box ဟာ Rap ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် မိန်းကလေး ပရိသတ်၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း တစ်ကိုယ်တော် သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပြီး ဖျော်ဖြေရေးတွေလည်း သီဆိုနေရတယ်လို့ ဆိုပါတယ်။

Photo: X box

သီချင်းဟောင်း၊ သီချင်းအသစ်တွေနဲ့ ဖျော်ဖြေပွဲလုပ်မယ့် X-Box 

၂၀၁၈ ခုနှစ် မေလအတွင်းမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ အမှတ်တရအနေနဲ့လည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Myanmar Plaza ၄ လွှာမှာ ရှိတဲ့ HardRock Cafe မှာ ၅ နာရီကနေ ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အနုပညာ ညီအစ်ကိုမောင်နှမ တွေလည်း ပါဝင်သီဆိုခဲ့တာကိုတွေ့ရပါတယ်။

Photo: X box

 

X Box နောက်ဆုံးထွက်ရှိထားတဲ့ 9 Album အခွေကို ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာပါ။ အဲ့ဒီနောက် သူ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Hurt ဆိုတဲ့ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေး၊ ယောကျ်ားလေးတွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ တန်ဆောင် တိုင် အမှတ်တရအနေနဲ့ တောင်ငူမှာ သီဆိုဖျော်ဖြေသွားဦးမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က