Entertainment: Dawn of Justice ဇာတ်ကား နမူနာ ထွက်ရှိ

, updated

နောက်ပိုင်းမှာ ပါဝင်လာမယ့် ဇာတ်ကောင်သစ်တွေကိုလည်း Dawn of Justice မှာ စတင် မိတ်ဆက်ထားပါတယ်။

play

 

မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Batman v Superman : Dawn of Justice ဇာတ်ကား နမူနာကြောင့် စူပါမင်းတစ်ယောက် လူမုန်းများတာ ခံနေရပါတယ်။

DC ရဲ့ အကြီးမားဆုံး စူပါဟီးရိုးတွေဖြစ်တဲ့ စူပါမင်းနဲ့ လင်းနို့လူသားတို့ရဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကား နမူကို ဗုဒ္ဓဟူးနေ့မှာ Warner Bros' က Youtube မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားနမူနာအရ စူပါမင်းနဲ့ လင်းနို့လူသားကြား ပဋိပက္ခတွေ ဖြစ်ပွားနေပြီး လင်းနို့လူသားကို နှိပ်စက်တဲ့ ပုံရိပ်အချို့ကြောင့် စူပါမင်းတစ်ယောက် လင်းနို့လူသားရဲ့ ပရိတ်သတ်တွေဆီက အမုန်းပွားခံနေရတာပါ။

play

 

ဒီဇာတ်ကားထဲမှာ DC ရဲ့ တခြား လူစွမ်းကောင်းတွေဖြစ်တဲ့ Wonder Woman, Aquaman တို့ကို စတင်မိတ်ဆက် ထည့်သွင်းပြီး Lex Luthor ကတော့ ဗီလိန်အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။

နားလည်မှုတွေလွဲပြီး ရန်ဖြစ်နေကြတဲ့ စူပါမင်းနဲ့ လင်းနို့လူသားကတော့ နောက်ပိုင်းမှာ ပြန်လည်လက်တွဲပြီး ကမ္ဘာဖျက်မယ့် သတ္တဝါဆိုးကြီး Doomsday ကို ပြန်လည် နှိမ်နင်းသွားကြပါတယ်။ ဒီဇာတ်ကားကို ၂၀၁၆ မတ်လမှာ စတင် ပြသမှာ ဖြစ်ပါတယ်။

ှSource & Photo : www.hollywoodreporter.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ