Entertainment: ဟောလိဝုဒ်Death Noteဇာတ်ကားရဲ့ခေါင်းဆောင်မင်းသမီးနေရာ မာဂရက်ကွာလီ ရွေးချယ်ခံရ

HBO ရုပ်သံဇာတ်လမ်းတွဲ The Leftovers နဲ့ ထင်ရှားတဲ့ မင်းသမီးဟာ ရှေ့ကကြေညာပြီးဖြစ်တဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မယ့် နက်ဝုဖ် နဲ့ တွဲဖက်သရုပ်ဆောင်ရမှာ လည်း ဖြစ်တယ်လို့ Warner Bros ကုမ္ပဏီကကြေညာထားပါတယ်။

play

 

ဂျပန်မန်ဂဇာတ်လမ်းတွဲ Death Note ကို ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ စီစဉ်လျက်ရှိရာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ဖို့ မာဂရက်ကွာလီ ကို ရွေးချယ်လိုက်ပါတယ်။ သူမပါဝင်သရုပ်ဆောင်မယ့်ဇာတ်ကောင်ကို ကြေညာခြင်းမရှိသေးတဲ့ HBO ရုပ်သံဇာတ်လမ်းတွဲ The Leftovers နဲ့ ထင်ရှားတဲ့ မင်းသမီးဟာ ရှေ့ကကြေညာပြီးဖြစ်တဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မယ့် နက်ဝုဖ် နဲ့ တွဲဖက်သရုပ်ဆောင်ရမှာ လည်း ဖြစ်တယ်လို့ Warner Bros ကုမ္ပဏီကကြေညာထားပါတယ်။

play

အဓိကဇာတ်ကောင် ကီရာနေရာကနေ သရုပ်ဆောင်မည့် နက်ဝှဖ်

 ၂၁နှစ်အရွယ်ဖြစ်တဲ့ လူငယ်သရုပ်ဆောင်နှစ်ဦးဟာဆိုရင်  Warner Bros ရဲ့ အမေရိကန်ဗာရှင်း Death Note ဇာတ်ကားမှာ ခေါင်းဆောင်ပါဝင်ရမှာ ဖြစ်ပြီး၊ လောလောဆယ် ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာအဖြစ် အဒန် ဝင်ဂာတ် က တာဝန်ယူထားပါတယ်။ အဒန် ဝင်ဂာတ် ဒါရိုက်တာအဖြစ် မရွေးချယ်ခံရခင် Ironman 3 ဒါရိုက်တာ ရှိန်းဘလက်ခ် ရိုက်ကူးမည်ဟု သတင်းထွက်ခဲ့သေးသည်။ Death Note ဇာတ်ကားကို ၂၀၁၆ခုနှစ် နွေရာသီတွင် ရိုက်ကူးသွားမည်ဖြစ်သည်။

Source www.screenrant.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ