Entertainment: အဆိုတော် မိစန္ဒီရဲ့ ပစ်တိုင်းထောင် DVD ပရိုမိုးရှင်းနှင့် လက်မှတ်ထိုးပွဲ

, updated

မိစန္ဒီရဲ့ ပရိသတ်ပေါင်း မြောက်မြားစွာက တခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။

play

 

ဒီကနေ့ (ဒီဇင်ဘာ ၆ ရက်) နေ့လယ် ၃ နာရီမှာ အဆိုတော် မိစန္ဒီရဲ့ ပစ်တိုင်းထောင်တေးစီးရီး DVD ကာရာအိုကေကို ပရိသတ်ထံ ဖြန့်ဝေခဲ့ပါတယ်။

play

 

ပွဲကိုလာရောက်ကြတဲ့ ပရိသတ်တွေကို မိစန္ဒီနဲ့ အနုပညာ မောင်နှမများက အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။

play

 

ပစ်တိုင်းထောင်ရဲ့ ပရိုမိုးရှင်းပွဲကို ရန်ကုန်က လှည်းတန်းစင်တာမှာ ၃ နာရီကနေ ၅နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မိစန္ဒီရဲ့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး တခဲနက် အားပေးခဲ့ကြပါတယ်။ ပစ်တိုင်းထောင် DVD ကို မဖြန့်ချိမီမှာ မိစန္ဒီကိုချစ်တဲ့ ပရိသတ်တွေက ဖေ့စ်ဘွတ် ပရိုဖိုင်တွေကို ပစ်တိုင်းထောင်လေးတွေကိုင်ထားတဲ့ မိစန္ဒီရဲ့ ပုံလေးနဲ့ ပြောင်းလဲ အသုံးပြုခဲ့ကြပါသေးတယ်။

Photo : Sandi Min Nyan Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ