Entertainment: EMD သီချင်း အမျိုးအစားတွေ ပါဝင်မယ့် ဝါဆိုမိုးဦးရဲ့ သီချင်းခွေ

ဒီဇင်ဘာ ၁၉ ရက်မှာ ပြုလုပ်မယ့် DJ ပွဲကိုလည်း ဝါဆိုမိုးဦးက ပါဝင်ဆင်နွှဲဦးမှာပါ။

play

 

ဝါဆိုမိုးဦးတစ်ယောက် ဇာတ်ကားရိုက်ကူးမှုတွေ နည်းနေပါတယ်။ အကြောင်းကတော့ သူမရဲ့ တစ်ကိုယ်တော်ခွေအတွက် အားစိုက်နေရလို့ပါ။

သူမရဲ့ တစ်ကိုယ်တော် သီချင်းခွေကို ဧပြီမတိုင်ခင် ထွက်ရှိနိုင်ဖို့ ကြိုးစားနေပြီး အသံသွင်းတာနဲ့ တီးခတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သီချင်းအမျိုးအစားတွေ အနေနဲ့ EDM၊ Pop၊ R&B အမျိုးအစားတွေ ပါဝင်မှာဖြစ်ပြီး EMD သီချင်းတွေကိုလည်း သူမက နှစ်သက်ပါတယ်။

play

 

ဝါဆိုမိုးဦးရဲ့ တစ်ကိုယ်တော်ခွေထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ Ar-T နဲ့ စန္ဒီမြင့်လွင်တို့ကလည်း အားဖြည့် သီဆိုပေးမယ်လို့ သိရပါတယ်။

 

Source : Popular Journal

Photo : ဝါဆိုမိုးဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ