Entertainment: ဒီနွေရာသီမှာ အယ်ဘမ်သစ်နဲ့ ပြန်လာဖို့ရှိနေတဲ့ EXO

play

 

အတွင်းသတင်းတွေအရ EXO ဟာ အယ်ဘမ်အသစ်နဲ့ ဂျွန်လထဲ ပြန်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ EXODUS ဖျော်ဖြေရေးပွဲတုန်းကလည်း နွေရာသီအတွင်း အယ်ဘမ်သစ်လာဖို့ရှိတဲ့အကြောင်း ပြောထားဖူးပါတယ်။

play

 

အလုပ်ရှုပ်နေရတဲ့ကိစ္စတွေ အမြောက်အများရှိနေကြပေမဲ့ EXO တွေဟာ သူတို့အယ်ဘမ်အသစ်အတွက် ပြင်းပြင်းထန်ထန်ကြိုးစားနေကြပါတယ်။ ဒီအယ်ဘမ်ကနေ EXO ရဲ့ သီချင်းဆယ်ပုဒ်လောက်ကို နားထောင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

play

 

ဇွန်လ အလယ်နဲ့နှောင်းပိုင်းလောက်မှာ ဖျော်ဖြေပွဲကြီးတစ်ခုလုပ်ဖို့လည်း ရှိနေပြီး ခုချိန်ထိတော့ မဆုံးဖြတ်ကြရသေးဘူးလို့ Soompi ကဖော်ပြထားပါတယ်။

Photos & Source: Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ