Entertainment: EXO ရဲ့ MTV အသစ် မိတ်ဆက်

မကြာခင် ဖြန့်ချိမယ့် အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ကို မိတ်ဆက်ခဲ့တာပါ။

play

 

K Pop ချစ်သူတွေရဲ့ အသည်းကျော် EXO အဖွဲ့က သီချင်းသစ်တစ်ပုဒ်ရဲ့ MTV နမူနာကို တင်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် ဖြန့်ချိမယ့် အယ်လ်ဘမ်သစ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး Sing for You လို့ အမည်ပေးထားတာပါ။ အဲ့ဒီ အယ်လ်ဘမ်သစ်ထဲမှာ Sing for You အပါအဝင် စုစုပေါင်း သီချင်း ၅ ပုဒ်သာ ပါဝင်မယ်လို့ သိရပါတယ်။

play

 

နမူနာ တင်လိုက်တဲ့ သီချင်းထဲမှာတော့ နှင်းတွေကျနေတဲ့ နောက်ခံမှာ EXO အဖွဲ့ဝင်တစ်ချို့က လွမ်းဆွတ်နေတဲ့ဟန်နဲ့ တွေ့ရပြီး အချို့ကတော့ ရယ်မောနေကြပါတယ်။ အချို့ကတော့ အသဲကွဲနေတဲ့ ပုံစံနဲ့ မြင်ရပြီး ဂစ်တာသံသဲ့သဲ့ ဖြည့်ထားတာကြောင့် အလွမ်းဓာတ်ခံရှိသူတွေအဖို့ ရင်ထဲရောက်မယ့်သီချင်းလို့ ယူဆရပါတယ်။

Source & Photo : www.allkpop.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ