Entertainment: Fifty Shades of Black ကို ဇန်နဝါရီမှာ ရုံတင်မယ်

Tailer ထဲမှာတော့ အင်တာဗျူးရာက စပါတယ်။ ဘလက်အင်တာပရိုက်စ်ကို သွားပြီး မစ္စတာ ဘလက်ကို အင်တာဗျူးတာပါ။

play

 

စာအုပ်တွေနဲ့ နာမည်ကြီးနေတဲ့ Fifty Shades of Grey ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတော့ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

ခုတစ်ခါတော့ Fifty Shades of Black ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရတော့မှာပါ။ Fifty Shades of Grey ရဲ့ ဒုတိယပိုင်းတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ Fifty Shades of Grey ထက်တော့ လူကြိုက်များမယ့် သဘောမှာ ရှိပါတယ်။

play

 

အညှီအဟောက်ခန်းတွေနဲ့ ချစ်ကြိုက်ခန်းတွေမပါတာမို့ ကလေးတွေနဲ့လည်း အတူတူ ကြည့်နိုင်မယ့် ဇာတ်ကားပါ။ Fifty Shades of Grey ကို ဟာသအမြင်နဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မူလ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကိုပဲ တသောသော ရယ်မောလို့ ကြည့်ရတော့မှာပါ။

play

 

ဘလက် အင်တာပရိုက်စ် ပိုင်ရှင်မစ္စတာ ဘလက်အဖြစ် အမေရိကန် ဟာသ သရုပ်ဆောင် မာလွန် ဝိန်းက ဂရေးရဲ့ ဟန်ပန်တွေနဲ့ သူ့ရဲ့ ဟာသစွမ်းရည်ကို ပေါင်းစပ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၂၉ က စပြီး ရုံတင်ပြသမယ်လို့ သိရပါတယ်။

Source & Photo : www.youtube.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ