Entertainment: Girl’s Day အဖွဲ့ခေါင်းဆောင် ဆူကျင် သီဆိုထားတဲ့ “Everyday With You’ ဇာတ်ဝင်သီချင်း လူကြိုက်အများဆုံး စာရင်းများမှာ ဦးဆောင်နေ

သူမ သီဆိုထားတဲ့ သီချင်းဟာ ထိပ်သီးစာရင်းဝင်ခဲ့တဲ့အပြင် လူကြိုက်အများဆုံးစာရင်း (၅) ခုမှာလည်း နံပါတ် (၁) နေရာ ချိတ်နိုင်ခဲ့ပါတယ်။

play

 

Girl’s Day အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဆူကျင် (Sojin)က သူမအဖွဲ့ဝင် ဟီရီ (Hyeri) ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Reply 1988’ ဇာတ်ကားအတွက် သီဆိုပေးထားတဲ့ “Everyday With You’ အမည်ရတဲ့ ဇာတ်ဝင်သီချင်းဟာ လက်ရှိအချိန်မှာ K-Pop လူကြိုက်အများဆုံးစာရင်းများကို ဦးဆောင်နေပါတယ်။

play

 

သူမသီဆိုထားတဲ့ သီချင်းဟာ Mnet ၊ Bugs ၊ Olleh ၊ Soribada ၊ Genie ၊ Naver နှင့် Monkey3’s တွေမှာ ထိပ်သီးစာရင်းဝင်ခဲ့တဲ့အပြင် လူကြိုက်အများဆုံးစာရင်း (၅) ခုမှာလည်း နံပါတ် (၁) နေရာ ချိတ်နိုင်ခဲ့ပါတယ်။

play

 

သီချင်းထုတ်လုပ်သူတွေကတော့ ဆူကျင်ဟာ သူမအဖွဲ့ဝင်ဖြစ်သူ ဟီရီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားမှာ သီချင်းတစ်ပုဒ်ကို သီဆိုပေးခဲ့တဲ့အပြင် လူကြိုက်အများဆုံး စာရင်းတွေမှာပါ နံပါတ် (၁) ပါ ချိတ်ခဲ့တဲ့အတွက် သူမရဲ့ ပါဝင် ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် ချီးကျူးခဲ့ပါတယ်။

Source: allkpop

Photo: asianwiki, koreadrama, girlsdaydaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ