Entertainment: Guns N' Roses ရှိုးပွဲမှာ ဆယ်လီတွေနဲ့စည်ကား

ပရိသတ်တွေနဲ့အပြိုင် ဆယ်လီတွေကလည်း ရှိုးပွဲကို အားပေးခဲ့ကြပါတယ်။

play

 

ရှိုးပွဲမလုပ်တာကြာပြီဖြစ်လို့ Guns N' Roses ရဲ့ ရှိုးပွဲကို ပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ပရိသတ်တွေနဲ့အပြိုင် အော်ဟစ်သီဆိုရင်း ရှိုးပွဲမှာ မြူးနေကြသူတွေက ဒိတ်ဒိတ်ကြဲဆယ်လီကြီးတွေ ဖြစ်နေပြန်ပါတယ်။

play

ဂျင်းဝမ်းဆက်လေးနဲ့ ကိတ်ဟတ်ဆန်၊ နောက်မှာတော့ ဘရတ်ဒလေကူးပါးကို တွေ့ရပါတယ်။

play

 

Guns N' Roses အဖွဲ့သားတွေနဲ့တွေ့ရတဲ့ နီကိုးလတ်ကေ့ခ်ျ

play

 

နှစ်ပေါင်း ၂၀ ကျော် ကြာပြီးမှ ပြန်လုပ်တဲ့ ရှိုးပွဲမှာ အဖွဲ့သားတွေလည်း စုံစုံလင်လင် ပါဝင်ကြလို့ ကြည့်ရကျိုးနပ်မှာပါ။ သောကြာနေ့ညက ကယ်လီဖိုးနီးမှာပြုလုပ်ခဲ့တဲ့ ရှိုးပွဲကို ကိတ်ဟတ်ဆန်၊ ဘရက်ဒလေကူးပါး၊ အမ်မလီရာတာကောင်းစကီး၊ ခရစ္စဘရောင်း၊ ဂျင်မ်ကယ်ရီနဲ့ နီကိုးလတ်ကေ့ခ်ျတို့ အပါအဝင် အခြား နာမည်ကျော်အနုပညာရှင်တွေကိုပါ တွေ့ခဲ့ရပါတယ်။

Source : Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ