Entertainment: မြာပွေလွန်းတဲ့ နာမည်ကြီး ဟောလိဝုဒ်မင်းသား တစ်ဦး HIV ရောဂါဖြစ်

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတစ်ယောက်မှာ HIV ရောဂါဖြစ်ပွားနေကြောင်း တွေ့ရှိရသော်လည်း သူ့ရဲ့ များပြားလှတဲ့ချစ်သူတွေက တရားစွဲလာမှာစိုးလို့ အဲဒီအကြောင်းကို လူသိရှင်ကြား ဝန်ခံဖို့အတွက် အခုထိ လက်မခံသေးဘူးလို့ သိရပါတယ်။

play

အဲဒီမင်းသားကို သူ့သူငယ်ချင်းတွေက သူ့ရောဂါအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောဖို့ တိုက်တွန်းနေပေမယ့် အခုထိ ငြင်းဆန်နေဆဲပဲလို့ အမေရိကန် အနုပညာရေးရာသတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

play

 

သူ့ရဲ့ရှေ့နေတွေက ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူဟာ သိသိရဲ့နဲ့ အမျိုးသမီးတွေနဲ့အတူနေခဲ့တာဆိုရင်တော့ အတော်ရွံရှာစရာပါပဲ။ ဒီအဖြစ်အပျက်ကို ဖုံးကွယ်နိုင်လည်း ခဏပါပဲလို့ ယင်းသတင်းစာက ဆိုပါတယ်။

အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ ပထမဆုံး ဟောလိဝုဒ်စတားကတော့ ရော့ခ်ဟက်ဒ်ဆန် ဖြစ်ပါတယ်။ ဗြိတိသျှ အဆိုတော်နဲ့ သီချင်းရေးဆရာ ဖရက်ဒီမာကျူရီကတော့ ၁၉၉၁ ခုနှစ် သူ မသေဆုံးခင် ၂၄ နာရီအလိုမှာ ရောဂါဖြစ်ပွားနေကြောင်း ကြေညာခဲ့ပါတယ်။  ဗြိတိသျှ အဆိုတော်နဲ့ သီချင်းရေးဆရာ နောက်တစ်ဦးဖြစ်တဲ့ အန်ဒီဘဲလ်နဲ့ လော့ဆန်းဂျလိစ်လိတ်ကာစ် ဘေ့စ်ဘောစတား မဲဂျစ်ခ် ဂျွန်ဆန်တို့ကလည်း HIV ရောဂါဖြစ်ပွားနေသူတွေပါ။

အမေရိကန်တွင် နှစ်စဉ် HIV ရောဂါဖြစ်ပွားသူဦးရေ ၅၀,၀၀၀ ရှိတယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံသား ၁ ဒသမ ၂ သန်းခန့်မှာ HIV ရောဂါဖြစ်ပွားနေပြီး ၂၀ ရာခိုင်နှုန်းမှာ ကိုယ့်ကိုကိုယ် ရောဂါဖြစ်ပွားနေမှန်း မသိရှိကြဘူးလို့ သိရပါတယ်။

Source: www.telegraph.co.uk

Photos: http://starcasm.net and http://img.thesun.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ