Entertainment: မင်းသား ချာလီရှင်းက HIV ရောဂါပိုးရှိနေကြောင်း ထုတ်ဖော်ပြောကြား

ချာလီရှင်းက သူ့မှာ HIV ပိုးရှိကြောင်း သိရှိပြီး ၄ နှစ် အကြာမှာ အခုလို ဖွင့်ပြောခဲ့တာပါ။

play

 

ချာလီရှင်းက သူ့မှာ HIV ရောဂါရှိနေကြောင်းကို နိုဝင်ဘာလ ၁၇ ရက်မှာ TODAY ရုပ်သံဌာနတစ်ခုတည်းကိုပဲ ဖွင့်ပြောခဲ့ပါတယ်။

သူယုံကြည်ရမယ်လို့ ထင်တဲ့လူတွေကို ဒီရောဂါနဲ့ ပတ်သက်ပြီး ယုံကြည်မိခဲ့ပေမယ့် ဒါကို ဖုန်းကွယ်ပေးဖို့ ဒေါ်လာ ၁၀ သန်းလောက် သုံးခဲ့ရတယ်လို့ ရှင်းက ပြောပါတယ်။

play

ချာလီရှင်းအား ဇနီးဟောင်း ဒန်းနစ် ရစ်ချက်စ်နှင့်အတူ တွေ့ရစဉ်။

 “သူတို့ယူနေတာ ကျွန်တော့်ကလေးတွေရဲ့ ပိုက်ဆံဆိုတာ လူတွေမေ့နေတယ်။ သူတို့ကို ကျွန်တော် အရမ်းယုံကြည်ခဲ့တယ်။ အကူအညီပေးနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ယုံကြည်မှုကို သူတို့ သစ္စာဖောက်သွားတယ်” လို့ ရှင်းက အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

TODAY မှာ အခုလို ပြောကြားလိုက်တဲ့အတွက် ငွေပေးနေရတာတွေ ရပ်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။

 “အဲဒါ ကျွန်တော့် ရည်ရွယ်ချက်ပဲ။ ရည်ရွယ်ချက်တင်မကပါဘူး။ ဒီနေ့ ကိုယ့်ကိုကိုယ် ထောင်ထဲက လွှတ်ပေးလိုက်တာပဲလို့လည်း ထင်ပါတယ်” လို့ မင်းသားကြီးက ပြောပါတယ်။

play

ချာလီရှင်း ငယ်စဉ်က။

ဒီရောဂါကို တွေ့ရှိခဲ့တာ ၄ နှစ်နီးပါး ရှိပြီဖြစ်ပေမယ့် ဘယ်လိုရလာခဲ့မှန်းမသိဘူးလို့လည်း ရှင်းက ဆိုပါတယ်။

HIV က AIDS ဖြစ်သွားပြီဆိုရင် ကုရာနတ္တိ ဆေးမရှိပါဘူး။ ဒါပေမဲ့ ရှင်းမှာ AIDS မရှိသေးဘူးလို့ သူ့ရဲ့ဆရာဝန် ဒေါက်တာရောဘတ်က ပြောပါတယ်။

HIV ကလည်း ပျောက်ကင်းအောင် ကုသလို့မရပေမယ့် ဆေးသောက်ပြီး သက်တမ်းစေ့နေနိုင်ပါသေးတယ်။

Source : www.today.com

Photos : www.i.guim.co.uk, www.assets.nydailynews.com, www.thewrap.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ