Entertainment: ချာလီရှင်းက HIV ရောဂါ ရှိနေကြောင်း သိလျက်နဲ့ မပြောခဲ့ဘူးလို့ သူ့ရဲ့အဆက်ဟောင်းများကပြော

ချာလီရှင်းမှာ HIV ရောဂါရှိနေကြောင်း ဖွင့်ဟပြောကြားခဲ့ပြီးနောက် သူ့ရဲ့အဆက်ဟောင်းများရဲ့ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရပါတော့မယ်။

play

 

သူ့မှာ အဲဒီရောဂါရှိတာ လေးနှစ်လောက်ရှိပြီဖြစ်ပြီး သူ့ရဲ့လိင်ဆက်ဆံဖော်အားလုံးကို ပြောထားပြီး ဖြစ်တယ်လို့ ရှင်းက Today မှာ ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သူ့ရဲ့ ရည်းစားဟောင်း ဘရီးအိုဆန်ကတော့ နောက်တစ်မျိုး ပြောခဲ့ပါတယ်။

ရှင်းက သူ့မှာ HIV ရှိကြောင်း တစ်ခါမှ မပြောခဲ့ဘူးလို့ သူမက ဆိုခဲ့ပြီး နောက်ထပ် အင်တာဗျူးတစ်ခုမှာတော့ “သူက မကောင်းဆိုးဝါး” ပဲလို့ ပြောခဲ့ပြန်ပါသေးတယ်။

play

 

အဲဒီနောက် ရှင်းရဲ့ လိင်ဆက်ဆံဖော်တစ်ဦးဖြစ်တဲ့ နက်တလင်းကန်လီကလည်း ရှင်းက အဲဒီအကြောင်း တစ်ခါမှ မပြောဖူးဘူးလို့ ပြောပြန်ပါတယ်။

ရှင်းက ၂၀၁၁ ခုနှစ်အထိ သူ့မှာ HIV ရောဂါရှိကြောင်း မသိခဲ့ဘူးလို့ ရှင်းနဲ့ ခင်မင်သူများက ပြောပါတယ်။ အဲဒီအချိန်မှာ သူက အိုဆန်နဲ့ မတွဲတော့ပေမယ့် ကန်လီနဲ့တော့ တွဲနေတုန်းပါပဲ။

 “ကျွန်မ အခုသေသွားနိုင်တယ်။ သူ ကျွန်မကို မပြောခဲ့တဲ့အတွက် ကျွန်မ အခုလဲသေသွားနိုင်တယ်။ ကျွန်မက သူ့အိမ်မှာ နေခဲ့တာ။ နေ့တိုင်း ကျွန်မတို့ အတူနေခဲ့ကြတယ်” လို့ အိုဆန်က ပြောပါတယ်။

“သူက သန့်တယ်။ သန့်တယ်နဲ့ အမြဲပြောတယ်။ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကိုယုံကြည်ခဲ့မိတယ်” လို့ သူမက ဆိုပါတယ်။

play

 

သူမက ၁၆ ရက်နေ့မှာ သွေးစစ်ခဲ့ပြီးသားဖြစ်ပြီး HIV ပိုး မတွေ့ပါဘူး။

ကန်လီနဲ့ အိုဆန်က ရှင်းနဲ့ ပြိုင်တူတွဲခဲ့တာဖြစ်ပြီး ရှင်းက သူတို့နှစ်ယောက်ကို သူ့ရဲ့ နတ်မိမယ်လေးတွေလို့ တင်စားခဲ့ဖူးပါတယ်။

ကန်လီကတော့ သူ့မှာ HIV မရှိကြောင်းနဲ့ ရှင်းကို စိတ်မဆိုးပါဘူးလို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ လူတစ်ယောက်က ရောဂါကူးစေလိုတဲ့ဆန္ဒဖြင့် ကိုယ့်ရောဂါအခြေအနေမှန်ကို မပြောဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံပါက ထောင်ဒဏ်  ၈ နှစ်အထိ အပြစ်ပေးခံရနိုင်သည်။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ