Entertainment: Huawei ဖုန်းပဲ ကြိုက်တဲ့ အာဆင်နယ်ရဲ့ စူပါစတား ဆန်းချက်ဇ်

Huawei ဖုန်းနဲ့ Selfie ရိုက်ရင်း ပျော်ရွှင်စွာကနေတဲ့ အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ကို သင်တွေ့လိုက်ရမယ်ဆို မအံ့သြလိုက်ပါနဲ့။

play

 

အာဆင်နယ်အသင်းရဲ့ စူပါစတားဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကတော့ စမတ်ဖုန်း Huawei ရဲ့ မော်ဒယ်တစ်ယောက် ဖြစ်သွားပြန်ပါပြီ။ ချီလီနိုင်ငံမှာ ထုတ်လွှင့်ပြဖို့အတွက် Huawei ရဲ့ စမတ်ဖုန်း ကြော်ငြာကို ဆန်းချက်ဇ်က ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

play

 

ကြော်ငြာထဲမှာတော့ Huawei ဖုန်းသုံးပြီး အတော်လေးပျော်နေတဲ့ ဆန်းချက်ဇ် ကိုတွေ့နိုင်ပါတယ်။ ကြော်ငြာရုပ်သံထဲမှတော့ ဆန်းချက်ဇ်က မှန်ထဲကပြန်ပြီး Selfie ရိုက်နေသလို မော်ဒယ်တွေနဲ့လည်း တွဲကပြီး Selfie ရိုက်လိုက်ပါသေးတယ်။ ဆန်းချက်ဇ်ရဲ့အနောက်မှာ သူ့ရဲ့အကကို ပံ့ပိုးပြီး လိုက်ကပေးရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို ရုပ်သံကြော်ငြာထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

play

 

သူ့ရဲ့အကအဖွဲ့နဲ့ Selfie ရိုက်နေတုန်း အိမ်ကအမေရဲ့ ဖုန်းဝင်လာလို့ အားလုံးကို တိတ်တိတ်လေး နေပေးကြပါဆိုတဲ့ ပုံစံဆန်းချက်ဇ်က လုပ်ပြလိုက်ပြီး ကြော်ငြာကို အဆုံးသတ်ထားပါတယ်။ အထူးသဖြင့် လာမယ့်ခရစ္စမတ်ကာလအတွင်း Huawei ဖုန်းတွေကို လက်ဆောင်အချင်းချင်း ပေးလို့ရတယ်ဆိုတဲ့အကြောင်း အရောင်းမြှင့်တင်ရေးကြော်ငြာရိုက်ကူးထားတာပါ။

play

 

Huawei စမတ်ဖုန်းက အာဆင်နယ်နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားပြီး Arsenal Edition ဆိုတဲ့ စမတ်ဖုန်းတွေလည်း ထုတ်လုပ်ရောင်းချပါတယ်။

ကြော်ငြာမင်းသားဖြစ်သွားတဲ့ ဆန်းချက်ဇ်ကို အောက်ကဗီဒီယိုဖိုင်ထဲမှာ ကြည့်နိုင်ပါတယ်

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ