Entertainment: Inside Out 2 လာမည့်နှစ်တွင် ရုံတင်မည်

နောက်ဆက်တွဲ ဇာတ်ကားမှာတော့ ယခင် ရှိပြီးသား စိတ်ခံစားချက်တွေအပြင် အခြားစိတ်ခံစားချက် ဇာတ်ကောင်တွေလည်း ပါဝင်ဖွယ်ရှိပါတယ်။

play

 

ကမ္ဘာတစ်လွှား လူကြိုက်များခဲ့တဲ့ Inside Out ကာတွန်း အန်နီမေးရှင်း ဇာတ်ကားရဲ့ ဒုတိယမြောက်ကား နမူနာ ထွက်ရှိလာပါပြီ။

ဒီတစ်ခါမှာတော့ ကလေးမလေးဟာ အရွယ်ရောက်စ ပြုနေတဲ့ မြီးကောင်ပေါက် ဖြစ်လာပါတယ်။ သူမရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စိတ်ခံစားမှုတွေကလည်း ပြောင်းလဲခဲ့ပါတယ်။

အရွယ်ရောက်လာပြီဖြစ်လို့ သူမရဲ့ ခေါင်းထဲမှာ ဖက်ရှင် အလှအပ၊ အပျော်အပါးကို စိတ်ဝင်စားလာပြီး ရည်းစားတွေ ဘာတွေလည်း ရနေတဲ့ပုံပါ။ ကင်မ် ကာဒါရှီယန်၊ မိုင်လေဆိုင်းရပ်စ် တို့ကို သဘောကျလာပြီး လူမှုကွန်ရက်တွေ အသုံးပြုရတာလည်း နှစ်သက်လာခဲ့ပါတယ်။

play

 

သူမရဲ့ အင်စတဂရမ်မှာလည်း ဖော်ချွတ်ပုံတွေ တင်လို့ အင်စတာဂရမ်ရဲ့ပေါ်လစီအရ အမြင်ရိုင်းတယ်ဆိုပြီး ပယ်ဖျက်ခံရတဲ့ အထိတောင် ဖြစ်ခဲ့တာပါ။ ပထမ ဇာတ်ကားထဲက ပျော်ရွှင်မှု၊ စိတ်ပျက်မှု၊ ကြောက်ရွံ့မှု၊ ဒေါသနဲ့ ဝမ်းနည်းမှု တွေကို စိတ်ဝင် စားဖွယ် မြင်ရဦးမှာပါ။

Source : Theguardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ