International Celebrity: အသက်ငါးဆယ်ရောက်မှ ဂျဲနက်ဂျက်ဆင် သားဦးကိုယ်ဝန်ရ

သားဦးကိုယ်ဝန်ကြောင့်လည်း ရွှေ့ဆိုင်းထားတဲ့ ဖျော်ဖြေပွဲက ပိုပြီးနောက်ကျဖွယ် ရှိပြန်ပါတယ်။

play

 

အဆိုတော် ဂျဲနက်ဂျက်ဆင်က သူမမှာ သားဦးကိုယ်ဝန်လွယ်ထားရပြီလို့ ထုတ်ပြောလိုက်ခြင်းဖြင့် ပရိသတ်တွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။ ဂျဲနက်ရဲ့အသက်က မေလ ၁၆ ရက်နေ့ဆိုရင်ပဲ ၅၀ ပြည့်တော့မှာပါ။

play

 

ကျန်းမာရေးအခြေအနေကြောင့် Unbreakable နယ်လှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရပြီးတဲ့နောက်မှာ ဂျဲနက်ရဲ့ အချိန်တွေဟာ ခင်ပွန်းသည် ဝစ်ဆမ် အယ်လ်မာနာနဲ့သာ အတူကုန်ဆုံးခဲ့ပါတယ်။ သားဦးကိုယ်ဝန်ကြောင့်လည်း ရွှေ့ဆိုင်းထားတဲ့ ဖျော်ဖြေပွဲက ပိုပြီးနောက်ကျဖွယ် ရှိပြန်ပါတယ်။

play

 

" ကျွန်မနဲ့ ကျွန်မယောက်ျားတို့က မိသားစုလေးတည်ဆောက်ဖို့ ကြံရွယ်ထားကြပါတယ်။ ဒါကြောင့် ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းရပါဦးမယ်။ ဒါဟာ ကျွန်မအတွက် အရေးကြီးတဲ့အရာမို့လို့ ကျွန်မကို နားလည်ပေးကြပါ" လို့ ဂျဲနက်က ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

Source : Entertainment Tonight

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ