International Celebrity: ဂွင်းနက်ပက်ထရိုကို ပြန်လိုချင်တယ်လို့ ရောဘတ်ဒေါင်းနင်းပြော

ဂွင်းနက်ဟာ Iron Man ဇာတ်ကား သုံးကားလုံးမှာ တိုနီစတက်ခ်ရဲ့ချစ်သူအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် Civil War မှာတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

play

 

Iron Man ဇာတ်ကားတွေမှာ ပက်ပါပေါ့အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂွင်းနက်ပက်ထရိုကို ပြန်လိုချင်တယ်လို့ ရောဘတ်ဒေါင်းနင်း ဂျူနီယာက ပြောလိုက်ပါတယ်။

" ကျွန်တော် သူနဲ့ရုပ်ရှင်တွေပြန်ရိုက်ဦးမယ်။ ကျွန်တော့်ချစ်သူကလည်း ဂွင်းနက်နဲ့ဆို သဝန်မတိုဘူးဗျ" လို့ ရောဘတ်က အင်တာဗျူးတစ်ခုမှာ ရယ်ရယ်မောမောနဲ့ ဖြေကြားခဲ့ပါတယ်။

play

 

ဂွင်းနက်ဟာ Iron Man ဇာတ်ကား သုံးကားလုံးမှာ တိုနီစတက်ခ်ရဲ့ချစ်သူအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် Civil War မှာတော့ ပါဝင်ခဲ့ခြင်းမရှိတဲ့အပေါ် ရောဘတ်ဒေါင်းနင်းက ယခုလို မှတ်ချက်ပေးသွားခဲ့တာပါ။

play

 

ရောဘတ်ဒေါင်းနင်း ဂျူနီယာဟာ လာမယ့် သြဂုတ်လကျရင်လည်း ယင်းရဲ့ချစ်သူ ဆူဇန်နဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ ယခင်အိမ်ထောင်နဲ့အတူ သားတစ်ယောက်ရခဲ့ပြီး ဆူဇန်နဲ့ရထားတဲ့ သားတစ်ဦး၊ သမီးတစ်ဦးလည်း ရှိပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ