International Celebrity: ကာရာဒီလီဗင်းရဲ့ ဟန်ချက်ထိန်းပြကွက်

ကိုယ်ကိုယ်ပါ တစ်ပတ်လှည့်လို့ ကပြခဲ့ပါသေးတယ်။

play

 

စူပါမော်ဒယ်လေး ကာရာ ဒီလီဗင်းဟာ စင်မြင့်ပေါ်မှာ လျှောက်လှမ်းတဲ့အခါ တက်ကြွသေသပ်တဲ့ ခြေလှမ်းတွေနဲ့ ဝင့်ထည်နေသူပါ။ ဒီလို ကိုယ်နေဟန်ထားက စင်မြင့်နောက်ကွယ်မှာလည်း ပျောက်ကွယ်မသွားပါဘူး။

play

 

သူမရဲ့ ကိုယ်နေဟန်ထား မျှချက်ညီအောင် ထိန်းထားပုံကို ရေဘူးတစ်ဘူးနဲ့ သက်သေပြသခဲ့ပါတယ်။ သူမရဲ့ တွစ်တာပေါ်မှာ ဗီဒီယိုဖိုင်တစ်ခုနဲ့ ဟန်ချက်ထိန်းထားပုံကို ပြသခဲ့တာပါ။

play

 

play

 

ကာရာက ကြမ်းပြင်ပေါ်မှာ ပက်လက်လှန် လဲလျောင်းနေပြီး နဖူးပေါ်မှာ ရေဘူးတစ်ဘူးကို တင်ထားကာ ရေဘူးပြုတ်မကျအောင် မတ်တပ်ရပ်ပြခဲ့ပါတယ်။ ရေဘူးကိုလည်း နေရာမရွေ့စေဘဲ ကြမ်းပေါ်မှာ ပြန်လဲပြခဲ့တဲ့အပြင် ကိုယ်ကိုယ်ပါ တစ်ပတ်လှည့်လို့ ကပြခဲ့ပါသေးတယ်။

Source : Cara Delevinge Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ