AD
AD
AD
play

 

အမေရိကန် စီးပွားရေးသမားကနေ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲသွားတဲ့ ဒေါ်နယ်ထရန့်ကို ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရန့်က ဘယ်လိုမှ မနှစ်သက်တာ ထင်ရှားပါတယ်။

play

 

အော်စကာဆုရှင် မင်းသမီးဟာ ဒေါ်နယ်ထရန့်ကို သူ လုံးဝမဲပေးမှာမဟုတ်ကြောင်း သိသာစေတဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။

play

 

သူမတက်တဲ့ ပွဲတစ်ခုကို ဒေါ်နယ်ထရန့်လာတယ်လို့ ဂျနီဖာလောရန့်သိလိုက်ရတော့ ထရန့်ကို တွေ့ဖို့ ကြိုးစားဖူးတယ်လို့ဆိုပါတယ်။

play

 

"ကျွန်မတက်တဲ့ ပွဲတစ်ခုကို သူတက်တယ်ကြားတော့ ကျွန်မ ဒေါ်နယ်ထရန့်ကို လိုက်ရှာမိတယ်။ သူ့ကို တွေ့တာနဲ့ ကျွန်မက 'ဟေး..ထရန့်..Fuck you' လို့ ပြောမှာ" လို့ ဂျနီဖာလောရန့်က ရုပ်သံမေးမြန်းခန်းတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD