International Celebrity: ဖိနပ်မပါဘဲ ပွဲတက်တဲ့ ဂျူလီယာရောဘတ်ကို ပရိသတ်က ချီးကျူး

ဂျူလီယာရောဘတ်က တမင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကြီးကျယ်ခမ်းနားလှတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို အခုလို ဖိနပ်မပါဘဲ တက်တဲ့အတွက် အားလုံး မျက်လုံးပြူးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်တုန်းက သင့်တင့်လျောက်ပတ်မှုမရှိတဲ့ ဖိနပ်ဝတ်ဆင်တဲ့ အမျိုးသမီးများကို မှတ်တမ်းတင် ရိုက်ကူးခြင်းမရှိတဲ့အတွက် ပွဲစီစဉ်သူတွေ လက်ညှိုးထိုး ခံရပြီးတဲ့နောက် ဂျူလီယာရောဘတ်က ဒီနှစ်မှာ အခုလို ပြုလုပ်ခဲ့တာပါ။

play

 

ဒါကြောင့် ဂျူလီယာရောဘတ် အခုလို ပြုလုပ်တဲ့အတွက် ပရိသတ်တော်တော်များများက တွစ်တာကနေ ချီးကျူးထောပနာ ပေးခဲ့ကြပါတယ်။

play

 

ဒါဟာ ဂျူလီယာရောဘတ်ရဲ့ ပထမဆုံးအကြိမ် ဆန္ဒပြ ပြုလုပ်ခြင်း မဟုတ်ပါဘူး။ ၁၉၉၉ ခုနှစ်တုန်းကလည်း Notting Hill ဇာတ်ကားအတွက် လန်ဒန်မှာ အထူးပွဲပြုလုပ်စဉ်က သူမရဲ့ချိုင်းမွေးတွေကို ဖော်ပြရင်း အမျိုးသမီးတွေ ချိုင်းမွေးထားတာကို ရှုံ့ချမှုကို ဆန္ဒပြခဲ့ဖူးပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ