International Celebrity: ၁၉ နှစ်အရွယ်ချစ်သူလေးကို ဟင်နရီကာဗေးလ်ကျောခိုင်း

တာရာကင်းက သူ့ကို ကာကွယ်စောင့်ရှောက်ပေးတယ်လို့တောင် ကာဗေးလ်က ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။

play

 

Superman မင်းသား ဟင်နရီကာဗေးလ်က တက္ကသိုလ်ကျောင်းသူလေး တာရာကင်းနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ ကာဗေးလ်ထက် ၁၃ နှစ်ငယ်တဲ့ ကောင်မလေးဟာ တစ်ဘဝလုံးစာလက်တွဲဖော် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တစ်နှစ်တောင် မပြည့်ဘဲ အချစ်ဇာတ်လမ်းအဆုံးသတ်သွားပါတယ်။

play

 

" ဟင်နရီနဲ့ တာရာတို့က ပြတ်သွားကြတာ အမှန်ပါပဲ။ နှစ်ဦးလုံးကတော့ မိတ်ဆွေလိုမျိုး ဆက်ပြီးရှိနေကြဦးမှာပါ။ ဟင်နရီနဲ့ ပြတ်သွားပေမယ့် တာရာ့ကို ဟင်နရီက မွေးနေ့ပါတီကိုလည်း ဖိတ်ခဲ့သလို တာရာကလည်း လာရောက်ခဲ့ပါတယ်" လို့ The Sun သတင်းမှာ ရေးသားထားပါတယ်။

play

 

အခက်အခဲဖြစ်နေချိန်တိုင်းမှာ တာရာကင်းက သူ့ကို ကာကွယ်စောင့်ရှောက်ပေးတယ်လို့တောင် အသက် ၃၃ နှစ်အရွယ် Superman မင်းသားက ချီးကျူးပြောဆိုခဲ့ဖူးပေမယ့် လအနည်းငယ်အကြာမှာပဲ ကောင်မလေးကို ကျောခိုင်းလိုက်ပါတော့တယ်။

Source : The Sun, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ