International Celebrity: ရွက်လှေပေါ်မှာ အနမ်းချင်းဖလှယ်နေကြတဲ့ ကေတီပယ်ရီတို့စုံတွဲ

အော်လန်ဒိုဘလွမ်းနဲ့ ဆယ်လီနာဂိုးမက်ရဲ့ ဓာတ်ပုံတွေ မကြာသေးမီက ထွက်လာခဲ့ပေမဲ့ ကေတီပယ်ရီက ချစ်သူကို လုံးဝစိတ်မကွက်တာ ထင်ရှားပါတယ်။

play

 

မင်းသား အော်လန်ဒိုဘလွမ်းနဲ့ ပေါ့ပ်အဆိုကျော် ကေတီပယ်ရီတို့ဟာ ကိန်းမှာ သူတို့ရဲ့ ချစ်ဇာတ်လမ်းဟာ အရမ်းကို အဆင်ပြေနေကြောင်း ပြသခဲ့ပါတယ်။

play

 

တွဲလာတာ လေးလလောက်ရှိနေပြီဖြစ်တဲ့ နာမည်ကျော်စုံတွဲဟာ ပြင်သစ်က Riviera ရီဆော့က ရွက်လှေတစ်စင်းပေါ်မှာ အနမ်းချင်းဖလှယ်နေကြတာကို မြင်တွေ့ရတာပါ။

play

 

အသက် ၃၁ နှစ်အရွယ် ကေတီပယ်ရီဟာ ဘီကီနီလေးပေါ်က အနက်ရောင်နဲ့ ပန်းရောင်စပ်ထားတဲ့ ဝတ်စုံရှည်လေး ထပ်ဝတ်လို့ နေပူစာလှုံနေတာကို တွေ့ရပါတယ်။

play

အော်လန်ဒိုဘလွမ်းနဲ့ ဆယ်လီနာဂိုးမက်တို့ နိုက်ကလပ်တစ်ခုမှာ ပွေ့ဖက်နေပုံတွေကို သတင်းဌာနတွေမှာ ဖော်ပြခဲ့ပေမဲ့လည်း ကေတီပယ်ရီက ချစ်သူအပေါ် ယုံကြည်မှုပေးခဲ့တာဖြစ်ပြီး ဆယ်လီနာအပေါ်လည်း စိတ်မကွက်ခဲ့ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ