International Celebrity: ဆံပင်အရောင်ချွတ်လိုက်မှ ပိုလန်းလာတဲ့ ဆယ်လီ (၄) ဦး

အဝတ်အစားဝတ်တိုင်း ခပ်ရိုးရိုးဝတ်လေ့ရှိသူတွေအတွက် ဒီလိုဆံပင်အရောင်မျိုးကို ထားသင့်တယ်ဆိုတာ အမ်မာရောဘတ်က နမူနာပါပဲ။

play

 

ရုတ်တရက် ပုံစံပြောင်းလဲသွားတဲ့ တေလာဆွစ်ကြောင့် ဆံပင်ကို အဖြူဘက်သမ်းအောင် အရောင်ချွတ်လိုက်ခြင်းက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဒီလိုအရောင်မျိုးကို တော်ရုံနဲ့ ထားလေ့မရှိကြပေမယ့် အဲ့ဒီလိုမျိုး အဖြူဘက်သမ်းတဲ့ ဆံပင်နဲ့မှ ပိုလန်းသွားသူတွေလည်း ရှိပါတယ်။

၁။ တေလာဆွစ်

play

 

ရွှေဝါရောင်ဆံနွယ်တွေနဲ့ အမြဲတမ်းမြင်နေရတဲ့ တေလာဆွစ်က ဆံပင်ကိုလည်း ခပ်တိုတိုညှပ်လိုက်ပြီး ဆံပင်ကိုချွတ်ဆေးသုံး အရောင်ပြောင်းလိုက်ပုံပါပဲ။ Met Gala ပွဲကို တက်လာတော့ တေလာဆွစ်ရဲ့စတိုင်ဟာ အားလုံးထဲမှာ အလန်းဆုံးဖြစ်နေတာ တွေ့ရပါတယ်။

၂။ ခရစ္စတင်းစတီးဝပ်

play

 

ကိန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ ခရစ္စတင်း စတီးဝပ်၊ ဒီမတိုင်ခင်ကတော့ သူမရဲ့ဆံပင်တွေက အနက်ရောင်ပါ။

၃။ ဂျနီဖာလောရင့်စ်

play

 

သူမရဲ့ မျက်နှာဖွဲ့စည်းပုံက ရိုးရိုးကြီးဖြစ်နေပေမယ့် ဆံပင်အရောင်ကြောင့် ဆက်စီကျတဲ့အသွင် ပေါ်လွင်လာပါတယ်။ သူမရဲ့ဆွဲဆောင်မှု ပိုကောင်းစေဖို့ နှုတ်ခမ်းကိုလည်း ချယ်ရီရောင် ဆိုးထားပြန်ပါသေးတယ်။ ဒီစတိုင်ကတော့ မေလ ၉ ရက်နေ့က လန်ဒန်မှာပြသခဲ့တဲ့ X Men : Apocalypse ဇာတ်ကား အထူးပွဲကို တက်ရောက်လာခဲ့တဲ့ ပုံစံပါ။

၎။ အမ်မာရောဘတ်

play

play

 

ဖေဖော်ဝါရီလတုန်းက မြင်ခဲ့ရတဲ့ အမ်မာရောဘတ်ရဲ့ ဆံပင်စတိုင်ဟာ သူမရဲ့ ကလေးဆန်တဲ့အသွင်ကို ဖုံးကွယ်ကာ အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ဦးအသွင် ပီပီပြင်ပြင်ပေါ်ထွက်လာစေပါတယ်။ အဝတ်အစားဝတ်တိုင်း ခပ်ရိုးရိုးဝတ်လေ့ရှိသူတွေအတွက် ဒီလိုဆံပင်အရောင်မျိုးကို ထားသင့်တယ်ဆိုတာ အမ်မာက နမူနာပါပဲ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ