International Celebrity: အင်္ကျီမှာ ချစ်သူနာမည် ရေးခဲ့တဲ့ ဂျီဂျီဟက်ဒီး

ဂျီဂျီဟက်ဒီးက သူမချစ်သူ ဇေးမောလစ်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလိုက်ပါတယ်။

play

 

One Direction အဆိုတော်ဟောင်း ဇေးမောလစ်နဲ့ ဂျီဂျီဟက်ဒီးဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာလျှို့ဝှက်ချက်မှ မထားပါဘူး။

ဒါပေမဲ့ အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ်လေးဟာ ဇေးက သူမရဲ့ချစ်သူဆိုတာ တစ်ကမ္ဘာလုံးသိတာ သေချာစေဖို့ ပြုလုပ်လိုက်ပြန်ပါတယ်။

play

 

သူမဟာ 'lol ur not zayn malik.' လို့ရေးထားတဲ့ တီရှပ်အဖြူကိုဝတ်ထားတာကို မြင်တွေ့လိုက်ရပါတယ်။

သူမဟာ အဲဒီတီရှပ်လေးကို လယ်သာဘောင်းဘီလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကို မေလ ၁၄ ရက်ညနေမှာ မြင်တွေ့လိုက်ရတာပါ။

play

 

မေလ ၁၅ ရက်မှာတော့ မိတ်ကပ်ပါးပါးလေးဆင်မြန်းလို့ ချက်ပေါ်အင်္ကျီလေးနဲ့ အပေါ်က ကီမိုနိုအပေါ်ထပ်အင်္ကျီဖားဖားကြီးကို တွဲဖက်ဝတ်ဆင်ထားတဲ့ အလန်းစားစတိုင်နဲ့ ထပ်မံ တွေ့လိုက်ရပြန်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ