International Celebrity: ဂါဝန်ပါးပါးအကြည့်စူးစူးနဲ့ လှနေပြန်တဲ့ကန်ဒဲလ်

ကန်ဒဲလ်အတွက်တော့ ဒုတိယမြောက် ကိန်းရုပ်ရှင်ပွဲတော်တက်ရောက်ခြင်းပါ။

play

 

ပြင်သစ်မှာ ပြုလုပ်နေတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ ဆယ်လီတွေရဲ့ ဖက်ရှင်တွေဟာ တစ်ယောက်တစ်မျိုးနဲ့ မရိုးနိုင်အောင်ပဲ လှပနေကြပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်ကို ယခုလ ၁၁ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး မော်ဒယ်လေး ကန်ဒဲလ်ဂျန်နာကိုတော့ ၁၅ ရက်နေ့ ညမှာ စတင်ပွဲတက်လာပါတယ်။

play

play

 

From The Land Of The Moon ဇာတ်ကား ပြသရာကို ရောက်လာတဲ့ ကန်ဒဲလ်က ယခင်ကဝတ်ဆင်ဖူးခြင်းမရှိတဲ့ ဖက်ရှင်နဲ့ ပွဲတက်လာတာပါ။ သူမရဲ့ အဖေတူအမေကွဲအစ်မကြီး ကင်မ်ကာဒါရှီယန်ရဲ့ ပွဲတက်ဖက်ရှင်နဲ့လည်း ခပ်ဆင်ဆင် တူပါတယ်။

play

 

ဇာပါးပါးအနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပုံက တင်ပါးအစိတ်အပိုင်းအချို့ကိုလည်း အတိုင်းသားမြင်နေရပြီး မိတ်ကပ်နဲ့ဆံပင်ကိုတော့ ကင်မ်ကာဒါရှီယန် လိမ်းခြယ်လေ့ရှိတဲ့ဟန်အတိုင်း ပြင်ဆင်လာပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ