International Celebrity: ဘွဲ့ယူတဲ့သားအတွက် ဂုဏ်ယူနေတဲ့ အာနိုး

အာနိုးဟာ သားအတွက် ဇနီးဟောင်းနဲ့ တွဲလို့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

play

 

အာနိုးနဲ့ မာရီရာရှရီဗာတို့ဟာ ပြီးခဲ့တာတွေ ပြီးပြီလို့ မှတ်ယူကာ သူတို့နှစ်ဦးရဲ့သားဖြစ်သူ ပက်ထရစ်ဘွဲ့ယူချိန်မှာ အတူရှိနေခဲ့ကြပါတယ်။

ပက်ထရစ်လည်း မိဘအစုံအလင်နဲ့ ပြုံးပျော်ရွှင်နေတဲ့ မိသားစု ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

play

 

"ဒီနှစ်ယောက်မရှိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အရာအားလုံးအတွက် ကျေးဇူးပါ။ နှစ်ယောက်စလုံးကို ချစ်တယ်"လို့ အသက် ၂၂ နှစ်အရွယ် ပက်ထရစ်က မိသားစုဓာတ်ပုံကို အင်စတာဂရမ်မှာ ဝေမျှရင်း ရေးသားခဲ့ပါတယ်။

အာနိုးနဲ့ မာရီရာတို့ နှစ်ဦးစလုံးကလည်း သားဖြစ်သူရဲ့ အောင်မြင်မှုအတွက် အင်စတာဂရမ်ကနေ ဂုဏ်ပြုခဲ့ကြပါတယ်။

play

 

"ပက်ထရစ်..သားအတွက် အဖေဂုဏ်ယူတယ်။ သားဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်တဲ့ ယောက်ျားအဖြစ် ကြီးပြင်းလာခဲ့ပြီ။ နောက်ထပ် သား ဘာတွေထပ်လုပ်ဦးမယ်ဆိုတာ အဖေမြင်ချင်တယ်။ ဂုဏ်ယူပါတယ်။ သားကို အဖေချစ်တယ်" လို့ အာနိုးက သားအဖနှစ်ယောက်ပုံကို သူ့ရဲ့ အင်စတာဂရမ်က မျှဝေရင်း ဂုဏ်ယူစွာ ရေးသားခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ