International Celebrity: လက်သီးပြင်းတဲ့ ကိတ်မစ်ဒယ်တန်

, updated

ဗြိတိန်မင်းသားနှစ်ဦးနဲ့ ကိတ်မစ်ဒယ်တန်တို့ လက်ဝှေ့အိတ်တွေ ဝတ်ဆင်ထားပါတယ်။

play

 

စိတ်ဓာတ်ကြံ့ခိုင်ရေး လှုပ်ရှားမှုသစ်တစ်ခုစတင်ပွဲမှာ ကိတ်မစ်ဒယ်တန်ဟာ အင်အားပြင်းတဲ့ လက်သီးထိုးချက်တွေနဲ့ လက်ဝှေ့ကစားပြနိုင်ခဲ့ပါတယ်။

မင်းသားဝီလျံရဲ့ဇနီး ကိတ်က အဖြူနဲ့ အနီစပ်ထားတဲ့ လက်ဝှေ့အိတ်နှစ်ခုကို ဝတ်ဆင်လို့ သူမရဲ့ လက်ဝှေ့ထိုး စွမ်းရည်ကို ပြသခဲ့တာပါ။

play

 

အဲဒီပွဲမှာ သူမရဲ့ခင်ပွန်း ဝီလျံရော၊ မင်းသား ဟယ်ရီတို့လည်း သူမလိုပဲ လက်ဝှေ့ထိုးခဲ့ကြပါတယ်။

play

 

ဒီနေ့ (မေလ ၁၆) ရက်နေ့ မနက်ခင်းက လန်ဒန်မြို့ရှိ ဘုရင်မ အဲလိဇဘက် အိုလံပစ်ပန်းခြံ (Queen Elizabeth Olympic Park) မှာ ပြုလုပ်တဲ့ Heads Together အဖွဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်တဲ့ Mind Boxing လေ့ကျင့်ခန်းမှာ တော်ဝင်မိသားစု ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ