AD
AD
AD
play


ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ မော်ဒယ် မင်းသမီးချော  မီဂန်ဖောက်စ်က အမေရိကန်လူမျိုးဖြစ်ပြီး Tennessee မှာ မွေးဖွားကြီးပြင်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

play


အသက် ၁၅နှစ်အရွယ်မှစတင်ကာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ သူမဟာ ဆွဲဆောင်မှုကောင်းလှတဲ့ ရုပ်သွင်၊ ဆက်စီဖြစ်ပြီး ကြော့ရှင်းလှပတဲ့ ကိုယ်လုံးကိုယ်ထည်တွေကြောင့် အနုပညာလောကရောက်ပြီး သိပ်မကြာခင်မှာဘဲ မျက်စိကျ အာရုံစိုက်ခြင်း ခံခဲ့ရသူလေးပါ။

play


၂၀၀၇ ခုနှစ်မှာစတင်ကာ နာမည်ကြီး Transformers ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာက ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း Jennifer's Body ဆိုတဲ့ မကောင်းဆိုးဝါး ဇာတ်ကားမှာ မကောင်းဆိုးဝါး ဖြစ်သွားခဲ့ရတဲ့ ဆက်စီဆန်ဆန် ကျောင်းသူလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပုရိသပရိသတ်ကြီးကို ညှို့ငင်ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။

play


၂၀၁၄ မှာ ရုံတင်ပြသခဲ့တဲ့ Teenage Mutant Ninja Turtles ဇာတ်ကားမှာလည်း သူမ ပါဝင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ၂၀၁၆ မှာ ရုံတင်ပြသမယ့် TMNT ဒုတိယဇာတ်ကားမှာလည်း သူမ ဆက်လက် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

play


ရုပ်ရှင်ဇာတ်လမ်းတွဲ တချို့မှာလည်း ပါဝင်လေ့ရှိတဲ့ သူမဟာ အနုပညာထူးချွန်ဆု အများအပြားစွာ ပိုင်ဆိုင်ထားသူပါ။ မင်းသမီး မီဂန်ဖောက်စ်ကို ၁၉၈၆ ခုနှစ် မေလ ၁၆ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD